အတွေးလက်ဆောင် (၈၆) ။ ။ လူတစ်ယောက်အနေနဲ့ လူပီသဖို့ဆိုရင် လူလူချင်း စာနာတတ်ဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းဟာ လူသားအချင်းချင်း စာနာတတ်ဖို့ လူသားအချင်းချင်း ချစ်ကြည်ဖို့နဲ့ လူသားအချင်းချင်း ရိုင်းပင်းကူညီဖို့ပါပဲ။
To love human beings is the virtue ofhumanity to understand men is science.Confuciusလူသားကို ချစ်ခြင်းဟာ လူ့ဘဝရဲ့ ကောင်းမြတ်တဲ့အရည်အချင်းဖြစ်တယ်။ လူသားတွေအပေါ် နားလည်စာနာတတ်ခြင်းဟာလည်း အတတ်ပညာ တစ်ရပ်ပါပဲ။ကွန်ဖျူး စီးယပ် ( တရုတ်တွေးခေါ်မှု ပညာရှင်)