အတွေးလက်ဆောင် (၈၂) ။ ။ ထူးချွန်ထက်မြက်တဲ့ လူဆိုတာ လူတိုင်းရဲ့ ယုံကြည်ကိုးစားမှုကို ခံကြရစမြဲပါပဲ။ အဲဒီလူအများစုရဲ့ ယုံကြည်အားကိုးမှုကို ရရှိတာနဲ့၊ လူအများစုရဲ့ တွန်းတင်ဖေးမမှုကြောင့် အဲဒီလူဟာ ထိပ်ဆုံးကို ရောက်ရှိနိုင်ပါတယ်။ အောင်မြင်မှုကို ရယူလိုတယ်ဆိုရင် လူများစုရဲ့ ထောက်ခံမှုဟာ မလွှဲမသွေ လိုအပ်နေပါတယ်။ လူတချို့ဟာ ထူးချွန်မှု သိပ်မရှိဘဲနဲ့တောင် အသိုင်းအဝိုင်း ကောင်းလို့ အလုပ်ဖြစ်နေတတ်ပါတယ်။
Behind an able man there arealways other able men.Chinese Proverbအစွမ်းအစ ရှိတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာစွမ်းအားရှိတဲ့ လူများစု ရှိနေတတ်ပါတယ်။တရုတ် စကားပုံ