အတွေးအခေါ်

အတွေးလက်ဆောင် (၈၀)

By HapEye.net

June 11, 2020

အတွေးလက်ဆောင် (၈၀) ။ ။ သင် တစ်စုံတစ်ခုကို လိုချင်တာ မှန်ရင် တစ်စုံတစ်ခုကို ပြန်ပေးရလိမ့်မယ်။ ကြိုးစားမှု ဇွဲ လုံ့လ ဝီရိယ သင်လိုချင်တဲ့ အရာက တန်ဖိုးကြီးမားလေလေ သင်ပေးရမယ့် စွန့်လွှတ်စွန့်စားမှုကလည်း ကြီးမားလေလေပါပဲ။ မြစ်ကို မကူးရဲဘဲနဲ့ တစ်ဖက်ကမ်းကို မရောက်နိုင်ဘူး။ ကျားအောင်းတဲ့ ဂူထဲ မဝင်ရဲဘဲ ကျားငယ် မရနိုင်ပါဘူး။ သင်တကယ်လိုချင်ရင် တကယ်ရအောင် ကြိုးစားပါ။ ပြင်းပြတဲ့ ဆန္ဒကို လုံ့လဝီရိယနဲ့ ပေါင်းလိုက်ရင် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ “ဆန္ဒတော ကိံ နာမကမ္မံ နသိဇ္ဈ တိ” ပြင်းပြတဲ့ ဆန္ဒသာ ရှိပါစေ ဘာ့ကြောင့် မအောင်မြင်ရမှာတဲ့လဲ။

If you don’t get what you want, it is a signeither that you did not seriously want it, onthat you Tried to bargain over the price.Rudyard Kiplingသင်လိုချင်တဲ့ အရာကို မရဘူးဆိုရင်. သင်အမှန်တကယ်လိုချင်စိတ် မပြင်းပြခဲ့လို့လည်း ဖြစ်ရမယ်။ ဒါမှမဟုတ်ဈေးဆစ်နေခဲ့လို့လည်း ဖြစ်ရမယ်။ရဒ်ယက်ဒ် ကစ်ပလင်

#OpenYourBusinessOnline