အတွေးအခေါ်

အတွေးလက်ဆောင် (၇၅)

By HapEye.net

June 11, 2020

အတွေးလက်ဆောင် (၇၅) ။ ။ သစ်တိုင်းလည်း မကောင်း ဟောင်းတိုင်းလည်း မညစ်ဆိုတဲ့ စကားရှိပါတယ်။ ကြာလေ ကောင်းလေ… ဟောင်းလေ သစ်လေ ဆိုတာမျိုးပေါ့။ နှစ်ရှည်လများ ပေါင်းသင်းဆက်ဆံလာခဲ့တဲ့ မိတ်ဆွေတွေ… ရဲဘော်ရဲဘက်တွေ အပေါ် တန်ဖိုးထားပါ။ စိုတဲ့လက် မခြောက်ပါစေနဲ့။ အရေးအကြောင်းရှိလာရင် မိတ်ဟောင်း ဆွေဟောင်း၊ ကြာရှည်ပေါင်းသင်းလာခဲ့တဲ့ မိတ်ဆွေတွေကသာ စိတ်ချရတတ်ပါတယ်။

There are three faithful friends: an old wife,an old dog, and redy money.Benjamin Franklinလောကမှာ သစ္စာရှိတဲ့ မိတ်ဆွေ သုံးယောက်ကတော့ကြာရှည်ပေါင်းသင်းခဲ့တဲ့ မယားအို တစ်ယောက်ရယ်…အတူတူနေတာကြာတဲ့ ခွေးအို တစ်ကောင်ရယ်…ကိုယ့် လက်ထဲမှာ အဆင်သင့် ရှိတဲ့ ပိုက်ဆံရယ်ပါပဲ။ဘင်ဂျမင် ဖရန့်ကလင်

#OpenYourBusinessOnline