အတွေးလက်ဆောင် (၇၃) ။ ။ အမှားဆိုတာ လူတိုင်းကြုံဖူးကြပေမယ့် အမှားထဲက သင်ခန်းစာ ယူတတ်တဲ့ သူကတော့ ရှာမှ ရှားပါပဲ။ မမှားဖူးတဲ့ လူဟာ အမှန်ကို မမြင်နိုင်ပါဘူး။ ဒါ့ကြောင့် အမှားတွေကို သင်ခန်းစာယူပြီး နောင် မမှားအောင် သတိပြုပါ။ မနေ့က အမှားတွေကို ဒီနေ့ပြုပြင်မယ်ဆိုရင် မနက်ဖြန်ဟာ လှပလာမှာ သေချာလှပါတယ်။
It’s always helpful to learn from your mistakesbecause then your mistakes seen worthwhile.Garry marshallသင်လုပ်ခဲ့တဲ့ အမှားတွေထဲက ပြန်ပြီး သင်ခန်းစာ ယူခြင်းဟာသင့်အတွက် အမြဲအကျိုးရှိစေပါတယ်၊ ဘာကြောင့်လဲဆိုတော့ဒီလို ပြုလုပ်မှသာ အမှားတွေဟာ တန်ဖိုးရှိလာတယ်လို့ ထင်မှတ်ရလို့ပါပဲ။ဂယ်ရီမာရှယ်