အတွေးအခေါ်

အတွေးလက်ဆောင် (၆၅)

By HapEye.net

June 11, 2020

အတွေးလက်ဆောင် (၆၅) ။ လူပြောမသန် လူသန်မပြောဆိုသလိုပါပဲ လူတွေက အမှန်တရား၊ အမှန်တရားနဲ့ ရေပက်မဝင်အောင် ပြောချင်ကြတယ်။ လက်တွေ့ အမှန်တရားအတိုင်း ကျင့်သုံးဖို့ကြတော့ ကြောက်ကြတယ်။ ဘဝထဲက အတွေ့အကြုံအရတော့ အမှန်တရားအကြောင်း များများပြောလေ အဲဒီလူဟာ အမှန်တရားနဲ့ ဝေးလေလေပါပဲ။ အမှန်တရားဆိုတာ လူတိုင်းပြောတတ်ကြတဲ့ စကား။ ဒါပေမယ့်… လက်တွေ့ ကျင့်သုံးဖို့တော့ အခက်သား။  ။

Truth is the cry of all, butthe game of few.George Berkeleyအမှန်တရားဆိုတဲ့ စကား လူတိုင်း ပြောကြားတတ်လေရဲ့။ဒါပေမယ့် လက်တွေ့ ကျင့်သုံးသူက နည်းလှရဲ့။ဂျော့ – ဘာဘီလေး (အိုင်ယာလန် – ဘုန်းတော်ကြီး တွေးခေါ်ပညာရှင်)

#OpenYourBusinessOnline