အတွေးအခေါ်

အတွေးလက်ဆောင် (၆၃)

By HapEye.net

June 11, 2020

အတွေးလက်ဆောင် (၆၃) ။ ။ နံနက်စောစော ထပါ။ နံနက်စောစော အိပ်ရာကထခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ နေထွက်တာနဲ့အမျှ တစ်နေ့တာ လုပ်ဆောင်ရမယ့် တာဝန်တွေကို စောစောစီးစီး ခွဲဝေသတ်မှတ်လို့ ရပါတယ်။ စောစောနိုးထတဲ့အတွက် စိတ်နှလုံး ကြည်လင်လန်းဆန်းပြီး ကောင်းမွန်တဲ့ စိတ်ကူးသစ်တွေ အတွေးအခေါ်သစ်တွေ ရရှိနိုင်ပါတယ်။ လမ်းလျှောက်ခြင်းကတော့ ကျန်းမာရေးကို အထောက်အကူပြုရုံမက အာရုဏ်ဦးရဲ့ အလှအပကိုပါ ပြည့်ပြည့်ဝဝ ခံစားနိုင်ပါတယ်။

An early-morning walk is a blessingfor the whole day.Henry David Thoreayမနက်စောစောထပြီး လမ်းလျှောက်ခြင်းဟာတစ်နေ့တာအားလုံးအတွက် မင်္ဂလာပါပဲ။သော်ရိုး (တွေးခေါ်မှု ပညာရှင်)