အတွေးလက်ဆောင် (၆၂) ။ ။ စည်းစိမ်ဥစ္စာဆိုတာ ရန်သူမျိုးငါးပါးနဲ့ ဆက်စပ်တဲ့ အရာမို့ ဆုံးရှုံးသွားလည်း ပြန်ကြိုးစားလို့ ရပါတယ်။ ကျန်းမာရေး ဆုံးရှုံးရင်တော့ ငွေရော လူရော လုပ်ငန်းရော ဆုံးရှုံးနိုင်တာမို့ တစ်စုံတစ်ရာ ဆုံးရှုံးတယ်လို့ ဆိုနိုင်ပါတယ်။ အကျင့်စာရိတ္တ ဆုံးရှုံးလို့ကတော့ ဘဝမှာ ဘာမှ ကျန်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ်ကျင့်တရားကို ဘယ်လိုအခြေအနေ ဘယ်လို အချိန်အခါမျိုးမှာမှ အပျက်စီးမခံပါနဲ့ ဘဝဆိုတာ ကိုယ်ကျင့်တရားနဲ့ ဆောက်တည်ရတာမျိုးပါပဲ။
When wealth is lost, nothing is lost;When bealth is lost, something is lost;When character is lost, everything is lost;Anonymousစည်းစိမ်ဥစ္စာ ဆုံးရှုံးလို့လည်း ဆုံးရှုံးပြီလို့ မဆိုနိုင်။ ကျန်းမာရေးဆုံးရှုံးရင်တော့ တစ်စုံတစ်ရာ ဆုံးရှုံးပြီလို့ ဆိုနိုင်တယ်။ အကျင့်စာရိတ္တဆုံးရှုံးပြီဆိုရင်တော့ အရာရာအားလုံး ဆုံးရှုံးသွားပြီ။အမည်မသိ