အတွေးအခေါ်

အတွေးလက်ဆောင် (၄၉)

By HapEye.net

June 10, 2020

အတွေးလက်ဆောင် (၄၉) ။ ။ကိုယ့်ဘဝကို ကိုယ်ပိုင်ပါတယ်။ ကိုယ့်အနာဂတ်လည်း ကိုယ်ပဲ ဖန်တီးတည်ဆောက်ရမှာပါ။ ‘အတ္တာဟိ အတ္တနော နာထော’ မိမိကိုယ်သာ ကိုးကွယ်လို့ ဘုရားဟောရှိပါတယ်။ မိမိဘဝကို မိမိကိုယ်တိုင် ကောင်းမွန်အောင် တည်ဆောက်ဖို့ဆိုတာ မိမိရဲ့ မွေးရာပါ တာဝန်ပဲ မဟုတ်ပါလား။

Every man is the maker of his fortune.Richard Stecleလူတိုင်းဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးသူဖြစ်တယ်။ရစ်ချတ်စတီလီ (အင်္ဂလိပ် အက်ဆေးဆရာ)

#OpenMoreOnline