အတွေးလက်ဆောင် (၂၆)
ဟုတ်တာပြောရင် နာလိုခံခက် အမျက်ထွက်ဆိုတဲ့ ရှေးစကားရှိပါတယ်။ အမှန်တရား အမှန်းတရားလို့ လူတွေ ပြောနေကြပါရဲ့။ ဒါပေမယ့် တစ်နေ့တစ်ရက်လောက် မုသားမပါတဲ့ အမှန်တွေချည်း ပြောကြည့်လိုက်ပါလား။ အားလုံးက မကျေမနပ် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ လူတွေဟာ အမှန်တရားထက် မြှောက်ပင့် ပြောဆိုမှု အပေါ်မှာ ပိုပြီးသာယာတတ်ကြပါတယ်။
Men wanted to be deceived.Julious Saesarလူတွေဟာ လိမ်ညာလှည့်ဖျားတာကို ခံချင်ကြပါတယ်။ဂျူးလိယက်ဆီဇာ