သမိုင်း

အင်ဒရူးဂျက်ဆင် (၁၇၆၇ – ၁၈၄၅)

By Hnin Oo Wai

August 22, 2020

အင်ဒရူးဂျက်ဆင် သည် အမေရိကန်ပြည်ထောင်စု၏ သတ္တမမြောက်သမ္မတ ဖြစ်သည်။ သူ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ဆုံးဖြတ်ချက်တို့ကြောင့် လူသိများသူ ဖြစ်သည်။ အထူးသဖြင့် ၁၈၃၀ပြည့်နှစ် အင်ဒီယန်းတို့အား ပြောင်းရွေ့ရေး ဥပဒေဖြင့် ကျော်ကြားသည်။ ဤဥပဒေအရ မစ္စစပီဖြစ် အရှေ့ဘက်ခြမ်း၌ နေထိုင်ကြသူ အမေရိကန် တိုင်းရင်းသားမျိုးနွယ်စုတို့သည် သူတို့ပိုင် မြေယာများမှ မောင်းထုတ်ခြင်း ခံခဲ့ကြရသည်။ တရားရုံးချုပ်၏ ပြဌာန်းချက်ကို မသိကျိုးကျွန်ပြုကာ ဒေသခံလူထုအား မောင်းထုတ်ရာ၌ အထောက်အပံ့ ဖြစ်စေရန်အတွက် စစ်တပ်ကို ဂျက်ဆင်က စေလွှတ်ခဲ့သည်။ နောက်ဆုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ‘မျက်ရည်လမ်း’ကို ဖြစ်ပွားစေခဲ့သည်။ ယင်း အဖြစ်အပျက်၌ အိုကလာဟိုးမားသို့ သွားရာလမ်းခရီးတွင် ချရိုကီးလူမျိုးစုပေါင်း လေးထောင် သေဆုံးခဲ့ရသည်။

၁၇၆၇၊ မတ်လ၊ ၁၅ – ကယ်လိုရိုင်းနားပြည်နယ် တောင်ပိုင်း၊ ဝက်ခ်စ်ဟော ဒေသအတွင်း၌ အင်ဒရူးဂျက်ဆင်(အကြီး)နှင့် အဲလီဇဘက်ဟတ်ချင်ဆင်တို့မှ ဖွားမြင်သည်။၁၈၁၅ – နယူးအော်လန်တိုက်ပွဲတွင် ဗြိတိသျှတပ်ဖွဲ့များအား တိုက်ခိုက်အနိုင်ယူခဲ့သည်။၁၈၂၉ – နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။၁၈၃၀ – အင်ဒီယန်းတို့အား ပြောင်းရွေ့ရေး ဥပဒေကို အတည်ပြုပြဌာန်းသည်။၁၈၃၂ – အမေရိကန်ပြည်ထောင်စု ဘဏ်ကို ဖြိုဖျက်ပစ်သည်။၁၈၃၅ – ၎င်းတို့ပိုင် မြေယာများမှ ဒေသခံများ ပြောင်းရွေ့ရာ၌ အထောက်အကူဖြစ်စေရန် စစ်တပ်အား စေလွှတ်ခဲ့သည်။၁၈၃၅၊ ဇန်နဝါရီလ၊ ၃၀ – အမေရိကန်သမ္မတတစ်ဦးအား လုပ်ကြံသတ်ဖြတ်ရန် ပထမဆုံး ကြိုးပမ်းခြင်းခံခဲ့ရသည်။၁၈၄၅၊ ဇွန်လ၊ ၈ – တင်န်နက်ဆီ၌ ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline