စီးပွားရေး

အခွန်အကောက်ဆိုတာဘာလဲ

By Hnin Oo Wai

July 22, 2020

၂၀၁၇ခုနှစ်၊ ပြည်ထောင်စု၏အခွန်ဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အခွန်အကောက်ဆိုတာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံတဲ့ အခွန်၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနဲ့ ဒဏ်ကြေးငွေတွေကို ဆိုလိုပါတယ်။ တိုင်းပြည်ရဲ့ အခွန်စနစ်နဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးကွဲပြားမှုရှိတယ်။ အခွန်စနစ်ကို ထောက်ခံတဲ့ နိုင်ငံရေးဒဿနိကပညာရှင်တွေ ရှိသလိုပဲ အချို့နိုင်ငံရေးအတွေးအခေါ်ဆရာတွေက သဘောမတွေ့ကြပါဘူး။ သူတို့ရဲ့အမြင်တွေဘယ်လိုပဲရှိပါစေ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ မိတ်ဆွေတို့အ‌နေနဲ့တော့ ဥပဒေဘောင်အတွင်းကနေ ကိုယ့်လုပ်ငန်းတွေအောင်မြင်ဖွံ့ဖြိုးဖို့က နံပါတ်တစ်ဦးစားပေးပဲမဟုတ်ပါလား။ ဒါကြောင့် အခွန်ကောက်ခံမှုနဲ့ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။ အရေးကြီးတာက ကိုယ့်နိုင်ငံကသတ်မှတ်ထားတဲ့ အခွန်အကောက်ဥပဒေတွေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပ‌ဒေနဲ့ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းတွေကို လုပ်ငန်းရှင်တွေအနေနဲ့ သိရှိနားလည်ဖို့ပါပဲ။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး