ဘဝနေနည်း

အချိန် နှင့် အောင်မြင်မှု

By HapEye.net

June 09, 2020

တစ်ခါတုန်းက ပညာရှိအဘိုးအိုကြီးတစ်ဦ်းနှင့် သူ့တစ်ပည့်တွေဟာ ခရီးတစ်ခုထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းခရီးတစ်ခုကို ရောက်တဲ့အခါမှာတော့ ခဏအနားယူကြပါတယ်။“သောက်ရေပေးပါဦး” ဟု အဘိုးအိုကြီးကတောင်းတော့ …“မရှိတော့ဘူး”“ဒါဆို လိုက်ရှာကွာ”ဒါနဲ့ သူ့တစ်ပည့်တွေဟာ အနားမှာရှိတဲ့ ရေကန်အတွင်းမှာ ရေခပ်ဖို့ပြင်ဆင်ကြပါတယ်။ ဖြစ်ချင်တော့ ရေကန်ထဲမှာ သမင်၊ ဒရယ်စတဲ့ တောနေသတ္တဝါတွေ ဆော့ကစားနေတယ်။ ရေတွေက နောက်ကြည့်နေတာနဲ့ မခက်ဘဲ ပြန်လာခဲ့ကြပါတယ်။နောက်ထပ်တစ်နာရီလောက်ကြာတဲ့ အခါမှာတော့ ရေပြန်ခပ်ခိုင်းပါတယ်။ ဒီတစ်ခါမှာတော့ ရေတွေက ကြည်လင်နေပါပြီ။ ရေတွေကို သောက်ပြီး …“ရေတွေအားလုံး ကြည်သွားအောင် ဘယ်လို လုပ်လိုက်တာလဲကွ”“အချိန်စောင့်လိုက်တာပါ။”ဟုတ်ပါတယ်။အောင်မြင်မှု ပန်းတိုင်ဆိုတာ အခုလုပ် အခုရတဲ့ အရာမဟုတ်ပေ၊ အဲ့ဒီအရာကို ရရှိစေဖို့ အချိန်စောင့်ရပါတယ်။ အချိန် တန်မှ ရတက်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်းထိုင်စောင့်ရတာ မဟုတ်ပါဘူး။ ကြိုးစားဆောင်ရွက်ပြီး စောင့်ရတာပါ။

မင်းရဲ့ အချိန် ကအကန့်အသတ်နဲ့ ရှိတာဒါ့ကြောင့် အဲ့ဒါကိုတစ်ခြားသူတစ်ယောက်ရဲ့ ဘဝထဲမှာသွားရှင်သန်ပြီးဖြုန်းမပစ်ပါနဲ့။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။