ဘဝနေနည်း

အချက်အလက်တွေကို သိမ်းဆည်းပါ

By Hnin Oo Wai

September 18, 2020

အချက်အလက်တွေကို သိမ်းဆည်းပါ

အချက်အလက်တွေကို အချိန်နဲ့အမျှ မှန်နေအောင်၊ ပြည့်စုံအောင် စနစ်တကျ သိမ်းဆည်းပါ။ မိတ်ဆွေတွေ၊ Customer တွေရဲ့ လိပ်စာ၊ ငွေစာရင်းတွေ၊ အရောင်းစာရင်းတွေ စသဖြင့် ကိုယ့်ရဲ့လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းပါ။ အချက်အလက်တစ်ခုကို လိုအပ်တဲ့အခါ အမြန်ဆုံးရှာဖွေနိုင်မှ အောင်မြင်မှုကို ရရှိပါမယ်။ ကွန်ပျူတာ​ပေါ်မှာရှိတဲ့ အချက်အလက်တွေကို အနည်းဆုံး အပိုတစ်စုံ ကူးယူထားပါ။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်