Sen. Estes Kefauver (D-KY), chairman of the Senate Crime Investigating committee in Washington on March 9, 1951, declared during hearing into extensive bootlegging operations through but the south, that new laws are needed to cope with the situation. (AP Photo/Herbert White)

သုတ

အက်စတက်(စ)ကီးဖော်ဗား (Estes Kefauver) (1903-1963)

By Hnin Oo Wai

September 03, 2020

အက်စတက်(စ)ကီးဖော်ဗား သည် အမေရိကန်ပြည်ထောင်စုမှ ထင်ရှားသော နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ တင်နက်ဆီပြည်နယ် မေဒီဆင်ဗီးလ်မြို့မှာမွေးသည်။ တင်နက်ဆီ တက္ကသိုလ်နှင့် ယေးလ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။

ရှေ့နေအဖြစ် လုပ်ကိုင်ရာမှ နိုင်ငံရေးဘက်သို့ ဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ်မှ စတင်၍ အောက်လွှတ်တော် အမတ်၊ ထို့နောက် ၁၉၄၈ မှစတင်၍ အထက်လွှတ်တော်အမတ် တောက်လျှောက်ဖြစ်ခဲ့သည်။

အထက်လွှတ်တော်အမတ်များထဲတွင် အရှိန်အဝါကြီးသူ တစ်ဦးဖြစ်၍ ၁၉၅၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီမှ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်။

ဘဝမှာ ကြုံရတဲ့ ခလုတ်ကန်သင်းတွေကို ကိုယ့်ဘဝ တိုးတက်အောင် မြှင့်တင်ပေးမယ့် လှေကားထစ်တွေအဖြစ် ပြောင်းလဲပစ်နိုင်ရမယ် သား၊ ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ်

-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။