အတွေးအခေါ်

သူဌေးတွေက ငွေကို တီထွင်တာ (Part 2 – The End)

By Si Thu Maung

April 19, 2023

ဒီနေ့ မျက်မှောက် သတင်းခေတ်ကြီးထဲမှာ ငွေတွေ သိသိသာသာကြီးကို ပေါပါတယ်။

လူတစ်ချို့ဟာ စိတ်ကူးဉာဏ်နဲ့ သဘောတူညီချက်တွေကလွဲလို့ လက်ဆုပ်လက်ကိုင် ဘာမှမရှိဘဲနဲ့ မယုံနိုင်လောက်အောင် ချမ်းသာသွားကြတာ အံ့ဩစရာ ရယ်စရာလား။

တစ်ခါတစ်လေ ဘာမဟုတ်တာလေးနဲ့ ချက်ချင်း လက်ငင်း သန်းပေါင်းများစွာ ရလိုက်တာဟာလည်း မျက်လှည့်လို့ မထင်ပါနဲ့။ ကျွန်တော်ဆိုလိုတာက ဘာမှ မရှိဘဲနဲ့တော့ ငွေဖြစ်လာတယ်လို့ မရှိပါဘူးလေ။

သဘောတူညီချက်ကို တစ်ဆင့်ခံပြီး ငွေဆိုတာပေါ်လာရတာလို့ပါ။

မဟာအခွင့်အရေးကြီးတွေကို ခင်ဗျား မျက်စိနဲ့ မမြင်ရပါဘူး။ သူတို့ကို စိတ်နဲ့သာ မြင်ရတာ ဖြစ်ပါတယ်။

လူများစု ဘယ်တော့မှ မချမ်းသာရတဲ့ အကြောင်းက ရိုးရိုးရှင်းရှင်းလေးပါ။ သူတို့ဟာ သူတို့ရှေ့ရောက်နေတဲ့ အခွင့်အလမ်းတွေကို သိလောက်တဲ့ စီးပွားရေးမျက်စိ မရှိလို့၊ စီးပွားရေးအသိတရားတွေ ခေါင်းပါးလို့ပါပဲ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် …

ကျွန်တော်ဟာ နှစ်ကိုယ်ခွဲအဖေ ဖြစ်လာခဲ့ရပါတယ်။ တစ်ကိုယ်က အသည်းမာတဲ့ အရင်းရှင်။ ငွေလုပ်တဲ့ ကစားနည်းကို နှစ်ခြိုက်စွဲမက်တဲ့သူ။ နောက်တစ်ကိုယ်ကတော့ လူမှုရေး တာဝန်ခံ ကျောင်းဆရာ။ သူကတော့ ပစ္စည်းရှိနဲ့ ပစ္စည်းမဲ့တွေကြားမှာ အစဉ်ရှိနေတဲ့ ဧရာမ ကွာဟချက်ကြီးကို ဆွဲစေ့ညှိပေးဖို့ လေးလေးနက်နက် ကြံဆနေမိသူ။

ခု ဒီစာအုပ်ကို ရေးလိုက်ခြင်းအားဖြင့် လူတန်းစားနှစ်ရပ်ရဲ့ ကွာဟချက်ကို ဆွဲစေ့ရာမှာ ကူညီပေးမယ့် အခွင့်အရေးပြတင်းတံခါးကို ဖန်တီးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ဖိတ်ကြားချက်ပါ။ ကျန်တာကတော့ ခင်ဗျားရဲ့ အပိုင်းမို့ ခင်ဗျားနဲ့ပဲ ဆိုင်ပါတယ်လေ။

ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

အတွေးအခေါ်