ရသ

တော်လှန်ရေးကောင်စီ လက်ထက် သတင်းနှင့် သတင်းဓါတ်ပုံဆု

By Hnin Oo Wai

July 01, 2020

သတင်းစာတစ်စောင်တွင် သတင်းက အရေးကြီးသကဲ့သို့ သတင်းဓါတ်ပုံသည်လည်း အရေးပါလှ၏။ သို့ကြောင့်လည်း သတင်းစာ အယ်ဒီတာချူပ်ဟောင်းတစ်ဦးက

“စာလုံးတစ်ရာ ပုံလွှာတစ်ချပ်” ဟု

ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

ပထမဆုံး သတင်းဓါတ်ပုံကမ္ဘာ့ သတင်းစာလောကတွင် သတင်းစာ၌ ဖော်ပြခဲ့သည့် ပထမဆုံး သတင်းဓါတ်ပုံမှာ ၂၁ ဇန်နဝါရီ၊၁၈၉၇ တွင် နယူးယောက်ထရီဗြွန်း သတင်းစာ၌ ဖော်ပြခဲ့သည့် ဆီးနိတ်အမတ် သောမတ်စီပလတ်၏ပုံ ဖြ‌စ်သည်။ထို့အတူ မြန်မာ့သတင်းစာလောကမှ ပထမဆုံး သတင်းဓါတ်ပုံမှာ ၁၀ ဒီဇင်ဘာ၊ ၁၉၁၂ ရက်စွဲပါသူရိယသတင်းစာပါ ပထမပြန်စာမေးပွဲတွင် ပထမငယ် ဝင်ရောက်ဖြေဆို အောင်မြင်သူ မောင်အောင်ဘော ၏ဓါတ်ပုံဖြစ်ပါသည်။