ဘဝနေနည်း

သင့်ကိုယ်သင် စာတစ်စောင် ရေးပါ။

By Hnin Oo Wai

September 23, 2021

၄။ သင့်ကိုယ်သင် စာတစ်စောင် ရေးပါ။

နံပါတ် (၃) အချက်ကို ဖတ်ရှုချင်လျှင် အောက်ဖော်ပြမှ linkမှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://hapeye.net/archives/6826

အစပထမ၌ ဤအရာက ထူးဆန်းသော စိတ်ကူးတစ်ခု ဖြစ်ဟန်တူသော်လည်း တစ်ခါတစ်ရံ၌ စာရေးချခြင်းက အထိရောက်ဆုံး ဆက်သွယ်ခြင်းနည်းလမ်းဖြစ်သည်။ ဤဖြစ်စဉ်က အကြံပေးချက်အမှတ်၁တွင် ဆွေးနွေးခဲ့သော စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီနှင့် တူညီသောပုံစံဖြင့် အလွန်ရင်ဖွင့်၍ကောင်းနိုင်သည်။

သင်ဘာဖြစ်သည်၊ ဘာနှင့် သင် မပျော်မရွှင်ဖြစ်သည်ကိုလည်းကောင်း၊ သင်ပြောင်းလဲချင်သောအရာနှင့် အနာဂတ်တွင် သင်ပြုလုပ်ချင်သော အရာကိုလည်းကောင်း သင်ထုတ်ဖော်ပြောသည့် စာတစ်စောင်၊ သင့်ကိုယ်သင် ရေးသားခြင်းသည် သင့်ကို ပျော်ရွှင်အောင် မလုပ်သော သင်၏ အသွင်အပြင်ကို သင်လက်ခံလာအောင် ကူညီနိုင်သည်။ ၎င်းက သင်၏ အာရုံစူးစိုက်မှုကို အနာဂတ်ဆီ ရွှေ့ပြောင်းရန်လည်း ကူညီနိုင်သည်။

ဆုပြည့်စုံထွန်း(အယ်ဒီတာအဖွဲ့) ဘာသာပြန်ထားသော စိတ်ချမ်းသာဖို့ အကြံပြုချက်၅၀ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

ဘဝနေနည်း

OpenMoreOnline