သုတ

သခွားသီးနှင့်ပင်လယ်စာသုပ်

By Hnin Oo Wai

July 09, 2020

သခွားသီးနှင့်ပင်လယ်စာသုပ်

ပါဝင်သောပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*အကွင်းရအောင် လှီးထားတဲ့ကင်းမွန်ကို ရေနွေးဖျောပါ။ ဆားထည့်ပါ။ သံပုရာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာနှင့် စပါးလင်တို့ပါ ထပ်ထည့်ပြီး မိနစ်ဝက်လောက် စိမ်ထားပါ။

*ငါးအသားကိုလည်း ထပ်ရောပြီးထည့် ရေနွေးဖျောကာ အားလုံးနှစ်မိနစ်လောက် ဆက်ထားပါ။ ပြီးမှ ကင်းမွန်နှင့် ငါးကို သေချာရေစစ်ယူပြီး ငါးကို တစ်ခါစား အရွယ်အတုံးကလေးတွေ တုံးပါ။

*သခွားသီးကို အခွံသင်ပြီး အရှည်လိုက် ထပ်ခြမ်းခြမ်းကာ အလယ်က အစေ့တွေကို ဇွန်းနှင့် ကော်ထုတ်ပါ။ ပြီးရင် ပါးပါးလှီးထားပါ။

*တရုတ်နံနံကို သန့်စင် လှီးဖြတ်ထားပါ။

*ဇလုံတစ်ခုမှာ ကင်းမွန်၊ ငါးအတုံးများ၊ သခွားသီးလှီးပြီးသားများ၊ တရုတ်နံနံ လှီးဖြတ်ပြီးများနှင့် ပုဇွန်၊ ဂုံးကောင်တွေကို ရောထည့်ပါ။

*ခွက်တစ်ခွက်မှာ ကျန်သော ကြက်သွန်နီ၊ ပူစီနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငံပြာရည်နှင့် သကြားတို့ကို ရောသမပြီး အရသာအနေတော်ဖြစ်အောင် ပြင်ဆင်ထားပါ။

*ခုလုပ်သော အဆာအရောကို ဇလုံထဲက ပင်လယ်စာတွေပေါ် လောင်းထည့်ကာ သေချာသမအောင် မွှေ/နယ်ပေးပါ။ သမသွားရင် ဆလပ်ရွက်ခင်းထားသည့် အသုပ်ပန်းကန်ပြားကို ပြောင်းထည့်ပြီး အသုပ်ကို မောက်မောက်လေးပုံထားပါ။

*ကြိုက်တတ်လျှင် အသုပ်ပေါ်က မြေပဲဆံထောင်းပြီး ဖြူးလိုက်ရုံပါပဲ။ သခွားသီးပင်လယ်စာသုပ် ရပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ