သုတ

ဝက်သားထောင်းစပ်စပ်

By Hnin Oo Wai

July 03, 2020

ဝက်သားထောင်းစပ်စပ်

ပါဝင်ပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*ညက်နေအောင် နုပ်နုပ်စဉ်းထားသော ဝက်သားကို အိုးတစ်လုံးဆီမှာ ဆီထည့်ပြီး ဝက်သားအရောင်ပြောင်းလာအောင် တည်ထားပါ။

*ဝက်သားနူးလာလျှင် ကြက်သွန်ဖြူနှင့် စပါးလင်ထောင်းထားတာကို ထည့်မွှေ၍နှစ်မိနစ်လောက်တည်ပါ။

*ဝက်သားအိုးထဲကို ငရုတ်ချဉ်၊ မြေပဲမှုန့်၊ အုန်းနို့၊ သကြား၊ ငံပြာရည်နှင့် နံနံထောင်းထားတာတွေထပ်ထည့်ပြီး ပူပူနွေးနွေး ပန်းကန်မှာခပ်ထည့်စားလို့ရပြီ ဖြစ်ပါတယ်။

ဒီဝက်သားထောင်းစပ်စပ်ကိုဂျပန်ဆန်မုန့်နဲ့ တွဲစားကြသလို ဂဏာန်းအသားထောင်းမှာလို ဟင်းသီးဟင်းရွက်သီးနှံစုံနှင့်လည်းစားလေ့စားထရှိပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ