Chairperson of The National League for Democracy of Myanmar, Aung San Suu Kyi smiles as she pays tribute at Rajghat,The Memorial to Mahatma Gandhi in New Delhi on November 14, 2012. Suu Kyi is in India for a seven-day visit. AFP PHOTO/RAVEENDRAN

ဘဝနေနည်း

လူငယ်များဟာ ပြုပြင်စရာတွေ အများကြီးရှိတယ်

By HapEye.net

June 12, 2020

ကျောင်းသား လူငယ် တော်တော်များကတော့ သူတို့ရဲ့ယုံကြည်ချက်တွေနဲ့ ဘာမာနမှမရှိဘဲ တိုင်းပြည်အတွက် အကျိုးဆောင်နေတာပဲ။ တချို့ကတော့ ငါတို့လုပ်ခဲ့ပြီ ဆိုပြီးတော နည်းနည်းမာနလေးတွေ ဝင်လာတာ တွေ့ရတယ်။ အဲ့ဒီတော့ ဒီလိုမာနတွေ မရှိပါနဲ့။

ငယ်စဉ်တုန်းအခါက ဒီလို မာနတွေရှိရင် ကြီးလာတဲ့အခါကျ ဘာမှတန်ဖိုးရှိတဲ့ လူတစ်ယောက် မဖြစ်နိုင်ပါဘူး။

လူငယ်များဟာ ပြုပြင်စရာတွေ အများကြီးရှိပါတယ်။ ပြုပြင်ဖို့အချိန်တွေလည်း အများကြီးရှိပါသေးတယ်။ ဒီအချိန်တွေကို အချိန်ပြည့် ကိုယ့်အတွက် အဖိုးတန်အောင်၊ ကိုယ့်တိုင်းပြည်အတွက် အဖိုးတန်အောင်၊ ကိုယ့်လူမျိုးအတွက် အဖိုးတန်အောင် လုပ်ကြပါ။

ကိုယ့်ကိုယ်ကို တစ်နေ့ထပ်တစ်နေ့ပိုပြီး တန်ဖိုးရှိတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါ။ ကြိုးစားမယ်ဆိုရင် နောင်၁၀နှစ်၊ အနှစ်၂၀ အတွင်း ကျမတို့တိုင်းပြည်ကြီးဟာ အင်မတန်မှ သာယာဝပြောတဲ့ တိုင်းပြည်ကြီးဖြစ်နိုင်ပါတယ်။ အကယ်၍ နောင်၁၀နှစ်၊ အနှစ်၂၀ အတွင်းမှာ မတိုးတက်ဘူးဆိုရင် ကျမတို့ ပြည်သူလူတို့ရဲ့ ချွတ်ယွင်းချက်ကြောင့်ပဲ ဖြစ်ရမယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline