ဘဝနေနည်း

လူငယ်တွေ ပျက်စီးရတဲ့ အခြေအနေ

By HapEye.net

June 12, 2020

လူငယ်တွေ ပျက်စီးရတဲ့ အခြေအနေ

မြန်မာနိုင်ငံမှာ လူငယ်တွေ ရဲ့ အလုပ်လက်မဲ့ ပြဿနာလည်း သေချာကိုင်တွယ်ဖို့ လိုပါတယ်။

အလုပ်လက်မဲ့ ပြဿနာလည်း လူ့ဘောင်အသိုင်းအဝိုင်းမှာ သူတို့လုပ်နိုင် ကိုင်နိုင်တဲ့ အလားအလာတွေ မရှိတော့ဘူး ဆိုပြီးတော့ ယုံကြည်ချက်တွေ ပျောက်သွားနိုင်ပါတယ်။

သူတို့ဘဝမှာ ဘားမှ အဓိပ္ပာယ်မရှိတော့ဘူး ဆိုပြီးတော့ မူးယစ်ဆေးတွေ စွဲတာတွေကအစ အဲဒီလိုမျိုးလူငယ်တွေမှာ အလုပ်လက်မဲ့ ဖြစ်တာကြောင့်မို့ လူငယ်တွေ ပျက်စီးရတဲ့ အခြေအနေတွေ ရှိပါတယ်။ 

လူငယ်တွေအတွက် အသက်မွေးမှု ပညာ အရေးကြီးတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ အလားအလားရှိတဲ့သူတွေ အနေနဲ့ ကိုယ့်အတွက်ပဲ ကိုယ်မကြည့်ဘဲနဲ့ မြန်မာလူငယ်တွေနဲ့ အကျိုးလည်းရှိအောင်၊ နောက်လုပ်ငန်းက ရရှိလာတဲ့ အကျိုးတွေကိုလည်း ရင်းနှီးမြှုပ်နှံသူဘက်ကရော မြန်မာ ပြည်သူဘက်ကရော အကျိုးရှိအောင် တာဝန်သိသိနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။