– ဂျော့ဂျ်အက်စ်ပက်တွန် -
မိမိ၏စကား မပေါက်သူ၊ မိမိပြောသည်ကို လက်ခံနားမထောင်သူအား တွန်းအားပေး၍ မရပါ။ မိမိသည် မည်မျှပင် စကားပြောကောင်းသူဖြစ်ပါစေ လူတစ်ဦး၏ ပင်ကိုစိတ်အခြေအနေကြောင့် မိမိစကားများ ယင်းလူထံ ပေါက်မသွားဘဲ အချည်းနှီး ဖြစ်သွားတက်သည်။ မိမိပြောစကားကို ထိုသူက လက်ခံနားထောင်လျှင် ထိုသူအား ပြောင်းလဲသွားအောင်မလုပ်နိုင်ပါ။လူတစ်ဦးဦးအား မိမိ၏စကားကို နားထောင်စေချင်ပါက ထိုသူပြောသည့်စကားကို မိမိက ပထမ နားထောင်ရမည်။ တခြားနည်းမရှိပါ။ မိမိကပဲ ပြောဖို့မကြိုးစားပါနှင့်။ မိမိကလည်း တခြားသူ၏ အသံလွှင့်လိုင်းအတွင်း ရှိနေသည်ကို ပြရမည်။ ဆိုလိုသည်မှာ မိမိသည် အသံလွှင့်သူသာမက အသံဖမ်းသူလည်းဖြစ်ရမည်။ မိမိစကားပြောဖော်၏ အတွေးကို ကောင်းစွာ နားလည်ထားရမည်။ တစ်ခုက ကျွန်တော်တို့သည် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခု၏ အမှု ဆောင်အရာရှိချုပ် (စီအီးအို) မစ္စတာလန့်စ်နှင့်အတူ အလုပ်လုပ်ကြရသည်။ လန့်စ်မှာ ငွေစရင်းဌာနမှ အမျိုးသမီးလေးဦးနှင့် ဆက်ဆံရေးတွင် အခက်အခဲများ ကြုံနေရသည်။ ထိုအမျိုးသမီးများက လန့်စ်ကို ဂရုမစိုက်သကဲ့သို့ ယုံကြည်ကိုးစားမှုလည်းမရှိ။ လန့်စ်က သူတို့၏ချွတ်ယွင်းချက်များကို ထောက်ပြလေ့ရှိသဖြင့် ထိုအမျိုးသမီးများမှာ လန့်စ်နှင့် တွေ့ဆုံရန် ကြောက်ကြသည်။လန့်စ်မှာ အကြံကုန်ပြီး ကျွန်တော်တို့ထံမှ အကြံဉာဏ် တောင်းခံရတော့သည်။ “သူတို့လေးယောက်ထဲက တစ်ယောက်စီကို သီးခြားခေါ်တွေ့ပါ” “အဲဒီတော့ ကျွန်တော်က ဘာပြောရမှာလဲ” “ဘာကို နားထောင်ရမှာလဲ” “ခင်များစားပွဲရှေ့မှာထိုင်နေတဲ့လူ ပြောတာကို နားထောင်ပေါ့” “ကျွန်တော်ကဘာအစီအစဉ်လုပ်ထားရမှာလဲ” “ဘာအစီအစဉ်မှမလုပ်နဲ့” “ကျွန်တော်က ဘာတေမေးရမှာလဲ” “နေရေးထိုင်ရေး ဘယ်လိုရှိလဲ၊ ဒီကုမ္ပဏီမှာ လုပ်ရတာ အဆင်ပြေလား၊ ဘယ်လိုအပြောင်းအလဲတေလုပ်ချင်လဲဆိုတဲ့ မေးခွန်းမျိုးတွေပေါ့” “ပြီးတော့ကျွန်တော်က ဘာဆက်လုပ်ရမလဲ” “နားပဲနားထောင်ပေါ့” “အဲဒီလို လုပ်နိုင် မလုပ်နိုင်ဆိုတာ ကျွန်တော်အသေအချာ မပြောနိုင်ဘူး”လန့်စ်၏်လက်အောင်ရှိ ငွေစာရင်းဌာနဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းရခြင်း၏ အကြောင်းအရင်းမှာ ထင်ရှားနေပြီ ဖြစ်သည်။ ကျန်သည့်အပိုင်းမှာ လန့်စ်၏အပေါ်တွင်သာမူတည် နေလေသည်။
စာရေးဆရာ ဦးရဲညွန့် ရေးသားသော အခြားသူများ အားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှကောက်နုတ် ရေးသားခြင်း ဖြစ်ပါသည်။