ဘဝနေနည်း

ရုပ်ဆိုးတဲ့ ဘဲကလေးပုံပြင်

By Hnin Oo Wai

September 10, 2020

ရုပ်ဆိုးတဲ့ ဘဲကလေးပုံပြင် မှာ ဘဲကလေးက သူ့မိသားစုထဲမှာ သူက အကျည်းတန်ဆုံး ဘဲကလေးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ အလှပဆုံး ဘဲကလေးတစ်ကောင် ဖြစ်လာခဲ့ရသတဲ့။ဘဲကလေးပုံပြင်လိုပဲ လူအတော်များများဟာ အပြင်ပန်းပုံစံကို တော်တော်လေး အလေးထားတတ်ကြပါတယ်။တကယ်တော့ အပြင်ပန်းပုံစံက လောကမှာ သိပ်အရေးမကြီးလှပါဘူး၊ ကံအကြောင်းတရားကြောင့် ရုပ်ချောချင်ချောမယ်၊ အကျည်းတန်ချင်တန်မယ်။ တကယ့်အနှစ်သာရကတော့ အတွင်းစိတ်မှာ သနားကြင်နာစိတ်ရှိတယ်၊ မေတ္တာထားတတ်တယ်၊ ကိုယ်ချင်းစာတတ်တဲ့ စိတ်ရှိတာတွေက အဓိကကျနေပါတယ်။အလှအပဆိုတာတွေက တကယ်တော့ အရေပြားတစ်ထောက်လောက်သာ ရှိတာပါ၊ အတွင်းစိတ်က မေတ္တာဓာတ်တွေ ပြည့်ဝနေတယ်ဆိုရင်တော့ တစ်လောကလုံးကို မေတ္တာဓာတ်တွေ လွှမ်းခြုံစေပြီး ငြိမ်းချမ်းသာယာနေစေမှာပါ။ဒါကြောင့် အလှအပတွေမရှိလို့ စိတ်ဆင်းရဲပူပန်နေစရာမလိုပါဘူး၊ အရာရာကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်နဲ့ မေတ္တာထားတတ်ရင် မိမိရော ပတ်ဝန်းကျင်မှာပါ စိတ်ညစ်စရာတွေ ဆိတ်သုန်းပြီး ပျော်ရွှင်မှုကိုယ်စီရရှိကြတော့မှာ မဟုတ်လား။

အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။