သမိုင်း

ဒုတိယမြောက် ရမ်ဆက်စ်သဂရိတ် (၁၃၂၀ဘီစီ-၁၂၂၄ဘီစီ)

By Hnin Oo Wai

August 05, 2020

ရမ်ဆက်စ်သဂရိတ် သည် အီဂျစ်ပြည်တွင် ဆယ့်ကိုးဆက်မြောက်မင်းဆက်၏ တတိယမြောက် ဘုရင်ဖြစ်သည်။ ဘုရင်အဖြစ်သို့ရောက်ရှိပြီးနောက် မကြာမြင့်မီမှာပင် စစ်ပွဲတစ်ခုကို စတင်ခဲ့သည်။ အကျော်ကြားဆုံး စစ်ပွဲမှာ ကဒက်ရှ်စစ်ပွဲဖြစ်သည်။ သူ၏ အင်ပါယာအားလည်းရှေးခေတ် အီသီယိုးပီးယား(ယခု ဆူဒန်)သို့ ရောက်အောင် ချဲ့ထွင်ခဲ့သည်။ ဒုတိယမြောက် ရမ်ဆက်စ်လက်အောက်တွင် အီဂျစ်ပြည်မှာ စီးပွားရေးဖြစ်ထွန်းအောင်မြင်ခဲ့သည်။ သူ မင်းပြုသောကာလမှာ အီဂျစ်တို့၏ သမိုင်းတွင် ဒုတိယမြောက် အရှည်ကြာဆုံးဖြစ်၏။ ဒဏ္ဍာရီအလိုအရ သူသည် မောရှေ၏ ပုန်ကန်ခြားနားမှုကို ဆန့်ကျင်တွန်းလှန်ခဲ့သော ဖာရို(အီဂျစ်တို့၏ဘုရင်)ဖြစ်သည်။

၁၃၂၀ ဘီစီ- ပထမမြောက်ဆေတီနှင့် တူယာဘုရင်မတို့မှ ဖွားမြင်သည်။၁၂၉၀ ဘီစီ- သူ၏ ဖခင်ကွယ်လွန်ပြီးနောက် ဖာရိုဖြစ်လာသည်။၁၂၂၄ ဘီစီ- သက်တော် ၉၆နှစ်တွင် အနိစ္စရောက်သည်။

မိုးသိမ်းဘာသာပြန်ဆိုသည့် ခေါင်းဆောင် ၁၀၀စာအုပ်မှ ကူးယူဖော်ပြသည်။