သမိုင်း

ရန်ကုန်မြို့မှ မော်တော်ယာဉ်များ

By Hnin Oo Wai

July 02, 2020

၁၉၀၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့၌ ကိုယ်ပိုင်စီး မော်တော်ယာဉ်အချို့ကို စတင်တွေ့မြင်ကြရသည်။ ၁၉၀၆ ခုနှစ်တွင် အရေအတွက် အတန်အသင့် များပြားလာရာ မော်တော်ယာဉ်များမှတ်ပုံတင်ရေးအတွက် မြန်မာပြည်မော်တော်ယာဉ် အက်ဥပဒေအား ဖန်တီးရန်အကြောင်း ပေါ်ပေါက်လာခဲ့သည်။၁၉၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့၌ ဘတ်စ်ကား စတင်ပေါ်လာခဲ့သည်။ ဓာတ်ရထားကုမ္ပဏီက စမ်းသပ်သည့်အနေဖြင့် ဘတ်စ်ကား ၅စီး စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။၁၉၁၅ ခုနှစ်တွင် ဘတ်စ်ကား ဦးရေက ၈စီး ဖြစ်လာခဲ့သည်။

ထို့အတူ အငှားလိုက်တက္ကစီကလေးများက ၂၈စီးပြေးဆွဲနေပြီဖြစ်ပါသည်။ သို့သော် လူမျိုးခြားပိုင် အာရ်အီးတီ ကုမ္ပဏီက စီးပွားရေးလုပ်ငန်း တစ်ရပ်အနေဖြင့် သယ်ယူပို့ဆောင်ရေး စာမျက်နှာသစ်ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများမှ ရေးသားထားသည်။