သုတ

ယဉ်ကျေးမှု ပဒေသာ (အပိုင်း – ၅)

By HapEye.net

March 05, 2020

ယဉ်ကျေးမှု ပဒေသာ (အပိုင်း – ၅) ~~~~ အရက်သေစာသောက်စားခြင်းအပြစ် (၆) ပါး

၁။     ဥစ္စာဆုတ်ယုတ်၂။     ငြင်းခုံများစွာ၃။     ရောဂါထူပြော၄။     ကျောစောမဲ့ထုံ၅။     မလုံအင်္ဂါ၆။     ပညာနည်းရှားဤခြောက်ပါး၊ သောက်စားသေစာအပြစ်တည်း

အကျိုးစီးပွားမဲ့စေသောတရား (၆) ပါး

၁။     နေမြင့်အောင်အိပ်စက်ခြင်း။၂။     ပျင်းရိငြီးငွေ့တတ်ခြင်း။၃။     ရက်စက်ကြမ်းကြုတ်တတ်ခြင်း။၄။     အဖော်မပါ၊ ခရီးရှည်တစ်ယောက်တည်း သွားတတ်ခြင်း။၅။     နေ့စဉ်အရက်သေစာသောက်စားမူးယစ်တတ်ခြင်း။၆။     သူတစ်ပါးသားမယားကို မှီဝဲခြင်း။

အကြီးအကဲမဖြစ်ထိုက်သူ (၆) ဦး

၁။     ဂဏန်းလိုလူ = လူတွေ့လျှင် လက်မထောင်တတ်သူ။၂။     ပုတ်သင်ညိုလိုလူ = မည်သူပြောပြော ခေါင်းညိတ်တတ်သူ။၃။     ကိုင်းပင်လိုလူ = အားများရာ၊ လေယူရာတိမ်းတတ်သူ။၄။     နွားသိုးလိုလူ = နွားသိုးကြိုးပြတ်ကဲ့သို့ အများက မြှောက်စားလျှင် ထောက်ထားညှာတာ စော်ကားတတ်သူ။၅။     လိပ်လိုလူ = မိမိဗိုက်အောက်၊ မိမိဘက်သို့သာ ယက်တတ်သူ။၆။     မြေခွေးလိုလူ = မိမိအမျိုးတူ၏ အသားကိုပင် ပြန်စားတတ်သူ။

လူတို့၏ ပျင်းရိခြင်း (၆) မျိုး

၁။     နံနက်ကျပြန်တော့လည်း စောလှပါသေးသည် ဟူ၍ ၎င်း။၂။     ညနေကျပြန်တော့လည်း အချိန်မရှိတော့ပါ ဟူ၍ ၎င်း။၃။     နေ့ခင်းကျပြန်တော့လည်း ပူလှပါသေးသည် ဟူ၍ ၎င်း။၄။     အေးပြန်တော့လည်း အေးလှပါသေးသည် ဟူ၍ ၎င်း။၅။     မစားရပြန်တော့လည်း ဆာလှပါသေးသည် ဟူ၍ ၎င်း။၆။     စားပြီးပြန်တော့လည်း ဗိုက်လေးလှသေးသည် ဟူ၍ ၎င်း။

လောင်းကစားခြင်း အပြစ် (၆) ပါး

၁။     မိမိက နိုင်ပြန်တော့လည်း ရန်များတတ်သည်။၂။     မိမိက ရှုံးပြန်လျှင်လည်း မိမိစီးပွားဥစ္စာတို့အပေါ်၌ နှမြောတသ စိုးရိမ်ပူပန်ခြင်း။၃။     မျက်မှောက်ဘဝ၌ပင် ပစ္စည်းဆုတ်ယုတ်ပျက်ပြားခြင်း။၄။     ထိုကစားသမားတို့၏ စကားသည် ပရိသတ်အလယ်၌ လူရာမဝင်ခြင်း။၅။     ထိုကစားသမားတို့သည် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မည်သူ၏ အကူအညီမျှ မရဘဲ မိမိအပေါ်၌ ယုံကြည်မှု ကင်းမဲ့ခြင်း။၆။     ထိုကစားသမားတို့သည် သားမယားတစ်ယောက်ကိုမျှ ကောင်းစွာ လုပ်ကိုင်ကျွေးမွေးနိုင်မည့်သူတွေပဲ ဟုတ်သည့်အတွက် သမီးပေးခြင်း၊ သမီးယူခြင်း အမှုကိစ္စတို့၌ ရှောင်ရှားခံရတတ်ခြင်း။

မပေါင်းအပ်သော မယား (၆) မျိုး

၁။     ဝိဝါဒသီလိ = ငြင်းခုံတတ်သော အလေ့ရှိသောသူ။၂။     ဥဿုဟာ = ငြူစူစောင်းမြောင်းတတ်သောသူ။၃။     ပဿန္တတဏှိကာ = မြင်းမြင်သမျှကို လိုချင်တပ်မက်သူ။၄။     ဂထာ = သူတစ်ပါးအိမ်သို့ သွားလာ၍ နေတတ်သူ။၅။     အမိတာဘုဉ္စနာ = အခြင့်၊ အတိုင်း မရှိ အစားလွန်ကြူးသူ။၆။     နိဒ္ဒါ = အအိပ်လွန်ကြူးသူ။

အသက်ရှိလျက် သေသူ (၇) ယောက်

၁။     ဒုက္ခိတော = သူများနည်းတူ ခြေလက်အင်္ဂါ ပြည့်စုံနေပါလျက် ငတ်မွတ်နေသူ။၂။     ဗျာဓိတော = အနာရောဂါမကွာ နှိပ်စက်၊ စိတ်ပျက်စရာ ကောင်းသူ။၃။     မူဠော = ကိုယ့်အကျိုး သူ့အကျိုးကို ဆင်ခြင်ဉာဏ်မရှိသူ။၄။     ကဏာဝါ = အခါမရွေး စိတ်ပူဆွေးရန် ကြွေးချေးငှားသူများ။၅။     နိဿယသေဝကော = မင်းထံခစား၊ မင်းကျွန်များနှင့် အစေ အစေပါးခံငြား-လစာစားသူ။၆။     ကတ္ထာကုတ္တက = ယောက်ျားဖြစ်လျက် မိန်းမလျှာလို နေသူ။၇။     အလသ = အပျင်းများလျက် စဉ်းစားကာ အချိန်ဖြုန်းသူ။

မယား (၇) မျိုး

၁။     ရန်သူနှင့် တူသော မယား။ လင်ကို ပြစ်မှားသော စိတ်ဖြင့် တခြားသောယောက်ျား၌ တပ်နှစ်သက်၏။ လင်ကို ကျွန်ကဲ့သို့ သဘောထား၏။ အသက်ကို အမြဲတမ်း ရန်ရှာ၏။၂။     ခိုးသူနှင့် တူသော မယား။ လင်မှ ရှာဖွေ၍ရသော ပစ္စည်းများကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လင်မျက်ကွယ်သည်နှင့် ခိုးယူခြင်း။၃။     သခင်နှင့် တူသော မယား။ အိမ်မှုကိစ္စ လုပ်လေ့မရှိ၊ ပျင်းရိ၏။ အစားကြူး၍ ကြမ်းကြုတ်၏။ အမျက်ထွက်တတ်၏။ နှုတ်ကြမ်း၍ မကောင်းသော စကားကို အမြဲဆိုလေ့ ရှိ၏။၄။     အမိနှင့် တူသော မယား။ လင်၏ ကြီးပွားမှုကို အမြဲ အလိုရှိ၏။ အမိသည် သားကို စောင့်ရှောက်တတ်သကဲ့သို့ လင်အပေါ်၌ စောင့်ရှောက်၏။၅။     နှမနှင့် တူသော မယား။ အစ်ကိုကို ရိုသေသကဲ့သို့ မိမိလင်သားအပေါ်၌ ရိုသေ၏။ လင်၏ အလိုသို့ လိုက်၍ လင်အကြိုက်ကို ပြုတတ်၏။၆။     အဆွေခင်ပွန်းနှင့် တူသော မယား။ ခရီးဝေးမှ ပြန်လာသော လင်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆို၏။ ကိုယ်ကျင့်ကောင်း၏။ လင်ကို ကောင်းမွန်စွာ လုပ်ကျွေးတတ်၏။၇။     ကျွန်နှင့် တူသော မယား။ လင်သည် အမျက်ထွက်သည့်အခါ ရိုက်မောင်း ပုတ်မောင်းပြု၍ ခြိမ်းခြောက်သော်လည်း အမျက်မထွက် သည်းခံ၏။ ကျိုးနွံစွာ လုပ်ကျွေး၏။

ကျက်သရေ (၇) ပါး

၁။     အာယုဒီယ = အသက်ရှည်ခြင်း။၂။     သုဘ = တင့်တယ်ခြင်း။၃။     ကိတ္တိ = ကျော်စောခြင်း။၄။     ကဒ္ဓိ = တန်ခိုးကြီးခြင်း။၅။     ဘောဂ = စည်းစိမ်ရှိခြင်း။၆။     ကန္ဒ = အစိုးရခြင်း။၇။     ဝုဒ္ဓိ = ကြီးပွားခြင်း။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online