ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၄) ~~~~ မိတ်ဆွေကျင့်ဝတ်(၅)ပါး
၁။ ပေးကမ်းချီးမြှင့်၂။ ကိုယ်နှင့်ယှဉ်ထား၃။ စီးပွားဆောင်ရွက်၄။ နှုတ်မြွက်ချိုသာ၅။ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။
အလုပ်ရှင်ကျင့်ဝတ်(၅)ပါး
၁။ ဝစွာကျွေးမွေး၂။ ပြုရေးစီရင်၃။ နာလျှင်ကုစေ၄။ ငှဝေရသာ၅။ အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ်ငါးခုသာ။
အလုပ်သမားကျင့်ဝတ်(၅)ပါး။
၁။ အိပ်သော်နောက်ကျ၂။ ထသော်ကားရှေ့၃။ ပေးမယအပ်၄။ စေ့စပ်ဆောင်ရွက်၅။ ကျေးဇူးမြွက်၊ ငါးချက်လုပ်သားဝတ်
ဒါယကာကျင့်ဝတ်(၅)ပါး။
၁။ မေတ္တာစိတ်သက်၂။ ဆောင်ရွက်ချစ်ခင်၃။ ခင်မင်နှုတ်ချို၄။ လိုလျှင်ဖိတ်ကြား၅။ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေဒါယကာ။
ရဟန်းကျင့်ဝတ်(၆)ပါး။
၁။ မကောင်းမြစ်တား၂။ ကောင်းရာညွှန်လတ်၃။ အသစ်ဟောကျူး၄။ နာဖူးထပ်မံ၅။ နတ်ထံတင်ရာ၆။ မေတ္တာလည်းပြု ရဟန်းမှု၊ ခြောက်ခုလွန်သေချာ
ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။