ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၁) ~~~~ ရှိခိုးခြင်း (၃) မျိုး၁။ ကာယပမာဏ = ကိုယ်ဖြင့် ရှိခိုးခြင်း။၂။ ဝစီပမာဏ = နှုတ်ဖြင့် ရှိခိုးကန်တော့ခြင်း။၃။ မနောပမာဏ = စိတ်ဖြင့် ရှိခိုးကန်တော့ခြင်း။
ကိုယ်ဖြင့် ရှိခိုးခြင်း (၃) မျိုး၁။ ထိုင်၍ ရှိခိုးခြင်း။၂။ ဝပ်၍ ရှိခိုးခြင်း။၃။ ရပ်၍ ရှိခိုးခြင်း။
ထိခြင်းငါးပါးဖြင့် ရှိခိုးကန်တော့ခြင်း။၁။ ခြေဖျားနှစ်ဖက် ကြမ်းပြင်နှင့် ထိ၍ ကန်တော့ခြင်း။၂။ ဒူးနှစ်ဖက်ကြမ်းပြင်နှင့် ထိ၍ ကန်တော့ခြင်း။၃။ တံတောင်နှစ်ဖက် ကြမ်းပြင်နှင့် ထိ၍ ကန်တော့ခြင်း။၄။ ဖဝါးနှစ်ဖက် ကြမ်းပြင်နှင့် ထိ၍ ကန်တော့ခြင်း။၅။ နဖူးနှင့် ကြမ်းပြင် ထိ၍ ကန်တော့ခြင်း။
ကန်တော့ခြင်း (၄) မျိုး၁။ ရတနာသုံးပါးကို အာရုံပြု၍ ကန်တော့ခြင်း။၂။ ဝတ္ထုပစ္စည်းဖြင့် ရှိခိုးကန်တော့ခြင်း။၃။ ကိုယ်တိုင် ကြည့်ရှု ဖူးမြော်ကန်တော့ခြင်း။၄။ မိမိ၏ မာန်မာနကို ချိုးနှိမ်၍ ကန်တော့ခြင်း။
ပူဇော်ခြင်း (၂) မျိုး၁။ ပစ္စည်းဖြင့် ပူဇော်ခြင်း။၂။ တရားဖြင့် ပူဇော်ခြင်း။
ဖူးမြော်ခြင်း (၂) မျိုး၁။ ကိုယ်တိုင် ကြည့်ရှု ဖူးမြော်ခြင်း။၂။ စိတ်ဖြင့် ရည်မှန်း ဖူးမြော်ခြင်း။
စေတီ (၄) မျိုး၁။ ဓာတုစေတီ = ဓာတ်တော်များကို ဋ္ဌာပနာထားသော စေတီ။၂။ ဓမ္မစေတီ = တရားပိဋကတ်များကို ဋ္ဌာပနာထားသော စေတီ။၃။ ဥဒ္ဒိဿစေတီ = ရည်မှန်း၍ ကိုးကွယ်သော စေတီ။၄။ ပရိဘောဂစေတီ = ဘုရားရှင်၏ အသုံးအဆောင်များကို ဋ္ဌာပနာထားသော စေတီ။
ကာလဒါန (၅) ပါးကို၁။ အာဂန္တုကဒါန = ဧည့်သည်များအား ပေးလှူခြင်း။၂။ ဂမိကဒါန = ခရီးသွားများအား ပေးလှူခြင်း။၃။ ဂိလာနဒါန = နာမကျန်း၍ ရောဂါကပ်ရောက်သူများကို လှူဒါန်းခြင်း။၄။ ဒုမ္ဘိက္ခဒါန = ငတ်မွတ်သူများအား ပေးလှူခြင်း။၅။ သီလဝန္တနဝဖလဒါန = မိမိတို့လယ်ယာဥယျာဉ်မှ ပေါ်ဦးစသီနှံများကို သီလရှိသူတို့အား ပေးလှူပြီးမှ စားခြင်း။
ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားခြင်းကြောင့် ရရှိသော အပြစ် (၁၀) ပါး၁။ ဖရုသဝေဒနာ = ကြမ်းတမ်းသော ဝေဒနာ ခံစားခြင်း။၂။ ဟာနီ = ပစ္စည်းဥစ္စာဆုံးရှုံးခြင်း။၃။ သရီရဘေဒန = ကိုယ်လက်အင်္ဂါ ပျက်စီးခြင်း။၄။ ဂရုဏာဗာစ = ဆိုးရွားသောအနာရောဂါ နှိပ်စက်ခံရခြင်း။၅။ စိတ္တက္ခေပ = ရူးသွပ်ခြင်း။၆။ ရာဇူပသဂ္ဂ = မင်းဘေး၊ မင်းဒဏ်သင့်ခြင်း။ ရာထူးကျခြင်း။၇။ ဒါရုဏဗ္ဘက္ခာန = မဟုတ်မတရား စွပ်စွဲခံရခြင်း။၈။ ဉာတိပရိက္ခယ = ဆွေမျိုးတို့ ပျက်စီးခြင်း။၉။ ဘောဂပဘင်္ဂု = စည်းစိမ် ပျက်စီးခြင်း။၁၀။ အာဂါရဂ္ဂိဒုယုန = နေအိမ်၊ တိုက်တာ၊ အဆောက်အဦ မီးသင့်ခြင်း။
သူတော်ကောင်းဥစ္စာ (၇) ပါး၁။ သဒ္ဓါ၂။ သီလ၃။ သုတ၄။ စာဂ၅။ ပညာ၆။ ဟီရိ၇။ သြတ္တပ
နတ်ပြည် (၆) ထပ်၁။ စတုမဟာရာဇိက၂။ တာဝတိံသာ၃။ မာယာဘုံ၄။ တုသိတာဘုံ၅။ နိမ္မာနရတိဘုံ၆။ ပရနိမ္မိတဝသဝတ္တီဘုံ
ငရဲကြီး (၈) ထပ်၁။ သဉ္ဇိုးငရဲ၂။ ကာလသုတ်ငရဲ၃။ သံဃာတငရဲ၄။ ယောရုဝငရဲ၅။ မဟာယောရုဝငရဲ၆။ တာပနငရဲ၇။ မဟာတာပနငရဲ၈။ အဝီစိငရဲ
ငရဲငယ် (၅) ခု၁။ တင်းပုတ်ငရဲ၂။ ပြာပူငရဲ၃။ လက်ပံတောငရဲ၄။ သန်လျှက်ငရဲ၅။ ကြိမ်ပိုက်ငရဲ
ကြီးပွားချမ်းသာကြောင်း (၄) ပါး၁။ ဥဋ္ဌာနသမ္ပဒါ = တကြွလုံ့လနှင့် ပြည့်စုံခြင်း။၂။ အာရက္ခသမ္ပဒါ = ရရှိပြီးသော ပစ္စည်းဥစ္စာတို့ကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း။၃။ သမဇိဝိတတာ = မိမိအင်အားနှင့် မျှတစွာ သုံးစွဲခြင်း။၄။ ကလျာဏမိတ္တ = မိတ်ကောင်းဆွေကောင်း ရှိခြင်း။
ကာယဒုစရိုက် (၃) ပါး၁။ ပါဏာတိပါတ = သူ့အသက်သတ်ခြင်း။၂။ အဒိန္နဒါန = သူ့ဥစ္စာခိုးခြင်း။၃။ ကာမေသုမိစ္ဆာစာရ = သူတစ်ပါးသားမယားကို ပြစ်မှားခြင်း။
ဝစီဒုစရိုက် (၄) ပါး၁။ မုသာဝါဒ = လိမ်ညာပြောဆိုခြင်း။၂။ ပိသုဏဝါစာ = ကုန်းတိုက်ခြင်း။၃။ ဖရုသဝါစာ = ကြမ်းတမ်းသော စကားပြောဆိုခြင်း။၄။ လပ္ဖပ္ပလာပ = သိမ်ဖျင်းသော စကားပြောဆိုခြင်း။
မနောဒုစရိုက် (၃)၁။ အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ကို ရလိုမှုဖြင့် ရှေ့ရှုကြံစည်ခြင်း။၂။ ဗျာပါဒ = သူတစ်ပါးကို ပျက်စီးစေခြင်း။၃။ မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း။
ဖွားဖက်တော် (၇) ပါး၁။ ကာဠုဒါယီ = ပညာရှိအမတ်ကာဠုဒါယီ၂။ ယသော်ဓရာဒေဝီ = သိဒ္ဓတ္ထ၏မိဖုရား၃။ ညီတော်အာနန္ဒာ = သိဒ္ဒတ္ထ၏ညီတော်(မထေရ်)၄။ ဆန္ဒအမတ် = မြင်းထိန်းအမတ်၅။ ကဏ္ဍိကမြင်း = မြင်းလိမ္မာ၆။ ရွှေအိုးကြီး ၄ လုံး၇။ မဟာဗောဓိပင်
ဗုဒ္ဓဝင်ဆိုင်ရာ (အကျဉ်း)၁။ လူအမည် = သိဒ္ဓတ္ထ၂။ ဘွဲ့တော် = ဂေါတမ၃။ ခမည်းတော် = သုဒ္ဓေါဒနမင်းကြီး၄။ မယ်တော် = မာယာဒေဝီ မိဖုရား၅။ ကြင်ယာတော် = ယသော်ဓရာမင်းသမီး၆။ သားတော် = ရာဟုလာ၇။ ယောက္ဖတော် = ဒေဝဒတ်၈။ မိထွေးတော် = ဂေါတမီ၉။ နေပြည်တော် = ကပိလဝတ်ပြည်၁၀။ ဖွားတော်မူရာအရပ် = လုမ္ဗိနီဥယျာဉ်၁၁။ နန်းစံနှစ် = ၁၃-နှစ် (သက်တော် ၁၉-နှစ်မှ ၂၉-နှစ်)၁၂။ ဘုရားဖြစ်ရန် = သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူခဲ့ဘဝ၁၃။ ဗျာဒိတ်ပေးဘုရားရှင် = ဒီပင်္ကရာမြတ်စွာဘုရား၁၄။ ဗျာဒိတ်ပေးသောနေ့ = ကဆုန်လပြည့်နေ့၁၅။ တောထွက်တော်မူသောနေ့ = ဝါဆိုလပြည့်၊ တနင်္လာ၁၆။ ပါရမီဖြည့်ဖက် = သုမိတ္တာ၁၇။ ပါရမီဖြည့်ရာ = လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၁၈။ ဒုက္ခစရိယာကျင့်သောအရပ် = ဥရုဝဋ္ဌေတော၁၉။ ဒုက္ခစရိယာကျင့်သည့်ကာလ = ၆-နှစ်၂၀။ ဘုရားအဖြစ်ရောက်ရှိချိန်သက်တော် = ၃၅-နှစ်၂၁။ ဘုရားဖြစ်တော်မူသောနေ့ = ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၂၂။ ဘုရားရှင်၏ အလုပ်အကျွေး = ပဉ္စဝဂ္ဂီပါးဦး၂၃။ တရားဦးစတင်ဟောကြားရာအရပ် = ဗာရာဏသီပြည် မိဂဒါဝုန်တော၂၄။ ဓမ္မစကြာတရားစတင် ဟောကြားသည့်နေ့ = ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်၊ စနေနေ့၂၅။ ဗုဒ္ဓ၏လက်ဝဲရံအဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလန်၂၆။ လက်ယာရံ အဂ္ဂ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ၂၇။ ပရိနိဗ္ဗာန်စံသောနေ့ = ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့၂၈။ ပရိနိဗ္ဗာန်စံတော်မူစဉ် သက်တော် ၈၀-နှစ်၂၉။ ဗုဒ္ဓ၏ဝါတော် = ၄၅-ဝါ၃၀။ ပရိဗ္ဗာန်ပြုရာအရပ် = လုမ္ဗနီဥယျာဉ် အင်ကြင်းတော