စီးပွားရေး

မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်များ

By Hnin Oo Wai

July 21, 2020

(၁) အာမခံလုပ်ငန်းလုပ်ကိုင်ပြီး အာမခံပေါ်လစီတွေ ထုတ်ရောင်းနေတဲ့ လုပ်ငန်းတွေကို လိုင်စင်ထုတ်ပေးရတဲ့ တာဝန်ကို ဒါရိုက်တာအဖွဲ့က ဆောင်ရွက်ပြီး အဲဒီအဖွဲ့က ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကိုတင်ပြဆောင်ရွက်ရပါတယ်။ အဲဒီဒါရိုက်တာအဖွဲ့ကို ကြီးကြပ်တဲ့တာဝန်ကိုတော့ အစိုးရပိုင် မြန်မာ့ အာမခံလုပ်ငန်းက စိစစ်ကြီးကြပ်ရပါတယ်။

(၂) နိုင်ငံခြားက အာမခံနဲ့ အာမခံပွဲစားလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာအခြေစိုက်လုပ်ငန်းကနေတစ်ဆင့် ဒါမှမဟုတ် ပူးပေါင်းပြီး လုပ်ငန်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မတိုင်မီအထိ အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းပဲ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ပုဂ္ဂလိကအာမခံကုမ္ပဏီလုပ်ငန်းပေါင်း ၁၂ခုကို လုပ်ငန်းလိုင်စင်အသစ်ချပေးခဲ့ပါတယ်။

မြန်မာ့အာမခံလုပ်ငန်းဟာအောက်ပါအာမခံလုပ်ငန်းတွေကိုဝန်ဆောင်မှုပေးနိင်ကြောင်းပြဌာန်းထားပါတယ် (မြန်မာ့အာမခံလုပ်ငန်းဥပဒေ ပုဒ်မ(၁၁))။

၁။ အသက်အာမခံ၂။ သူတစ်ပါးထိခိုက်မှုအာမခံ၃။ အထွေထွေနစ်နာဆုံးရှုံးမှု ပေးလျော်ရန်အာမခံ၄။ မီးအာမခံ၅။ ရေကြောင်း ကုန်ပစ္စည်းအာမခံ၆။ ရေကြောင်း ကိုယ်ထည်အာမခံ၇။ လေကြောင်းအာမခံ၈။ အင်ဂျင်နီယာအာမခံ၉။ အလုံးစုံမော်တော်ယာဉ်အာမခံ၁၀။ ရေနံနှင့်စသဘာဝဓာတ်ငွေ့အာမခံ၁၁။ ငွေပို့ငွေသယ်အာမခံ

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး