ဘဝနေနည်း

မိမိ၏အထက်တွင် စီမံခန်.ခွဲသူအထက်လူကြီးများ အား ဝေဖန်မှုမပြုပါနှင့်

By HapEye.net

June 02, 2020

– ဘားနက်ပျင်ဘယ် –ဝန်ထမ်းအများစုက အထက်လူကြီးများ နှင့် ဝေးဝေးနေလေကောင်းလေ ဟူသောခံစားမှုမျိုး ရှိတက်ကြသည်။

ဤကဲ့သို့လူကြီးများနှင့် ဝေးဝေးနေခြင်းဖြင့် အောက်ခြေဝန်ထမ်းများ၏ သဘောကျနှစ်ခြိုက်မှုကို ခံရမည်၊ ယင်းတို့နှင့်စည်းလုံးမှု ပိုမိုရရှိမည်ဟု ထင်ကောင်းထင်စရာ ရှိသည်။ အမှန်တကယ်တွင် ဤအပြုအမှုကြောင့် မိမိ၏ ဝန်ထမ်းများက မိမိတို့အသင်းမဖွဲ့ အပေါ်ယုံကြည်မှုမှာ ပျက်ပြားသွားဖွယ် ရာရှိသည်။ မိမိအသင်းအဖွဲ့၏ စိတ်ဓာတ်နှင့် တက်ကြွမှုကို ထိခိုက်စရာအကြောင်းသုံးရပ် ပေါ်လာမည်။

(၁) ဤအဖွဲ့အစည်းအား ယုံကြည်၍မရ။

(၂) အထက်လူကြီးများ သည် အောက်ခြေဝန်ထမ်းများနှင့် ဆန့်ကျင်မှုပြုနေသည်။

(၃) အသင်းအဖွဲ့ခေါင်းဆောင်သည် ဤအဖွဲ့အစည်းတွင် အားနည်း၍သြဇာအာဏာမရှိ ဟူသော ထင်မြင် ယူဆချက်များသာ ထွက်လာနိုင်သည်။

အောက်ခြေဝန်ထမ်းများနှင့် စည်းလုံးမှုရမည် ဖြစ်သော်လည်း မနှစ်မြို့စရာ အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ လူအများ၏ယုံကြည်မှုလည်း ပျက်ယွင်းသွားနိုင်သည်။ အထက်စီမံခန့်ခွဲ့ရေး အရာရှိများအား ပြန်လည်တုံ့ပြန် သည့်အခါ ပုန်းလျှေိုးကွယ်လျှိုုးသော်လည်းကောင်း၊ ပေါ်ပေါ်တင် တင်သော်လည်းကောင်း တုံ့ပြန်တက်ကြသည်။ မကျေနပ်သည်ကို မျက်လုံးဝေ့၍ ပြတက်ကြသည်။ အမှုအရာဖြင့် ပြတတ်ကြသည်။ ပုန်းလျှိုးကွယ်လျှိုးနည်းလမ်းဟု ဆိုရမည်။ တချို့ကတော့ ပေါ်ပေါ်တင်တင် ပြောကြသည်။ သို့သော် ယဉ်ယဉ်ကျေးကျေးပင်။ “ကျွန်တော်” ဟုပြောသည်ထက် ‘သူတို့’ ဟုသုံးနှုန်းခြင်းပင်။ “သူတို့က စလုပ်ချင်ကြတာ၊ ဘာဖြစ်လို့ သူတို့က ကျွန်တော်တို့ကို ဒီအတိုင်းလုပ်ခိုင်းနေ ရတာလဲ ဆိုတာ နားမလည်တော့ဘူး”၊ “ဒီမှာ ဘာတွေလုပ်နေရတယ် ဆိုတာ နားမလည်တော့ဘူး” အစရှိသဖြင့် အထက်လူကြီးကို “သူတို့…. ” ဟူ၍ညွှန်းပြောဆို ခြင်းမျိုုးဖြစ်သည်။

“သူတို့”ဟူသောစကားကို အလွန်းအမင်း သုံးစွဲလာသော မခါ ရိုင်းပျသည့်သဘော ပါလာသည်။ နားထောင်၍ မကောင်းတော့။ အောက်ခြေဝန်ထမ်းများ၏ စိတ်ထဲတွင် အထက်အဆင့် လူကြီးများနှင့် မိမိတို့မှာ ကင်းကွာနေသည့်သဘော ခံစားကြရမည်။

ခေါင်းဆောင်ကောင်တစ် ဦးဆိုသည်မှာ မိမိ၏အထက်လူ ကြီးကို ကိုယ်စားပြုရဲသည့် သတ္တိ ရှိရမည်။ အထက်ကို နင်းသော အပြုအမူ မျိုး မပြုလုပ်ရ။ စစ်မှန်သော ခေါင်းဆောင်တစ်ဦးသည် ကုမ္ပဏီအတွင်း အထက်လူကြီးများ ကို ‘သူတို့’ ဟူသောစကားလုံး ဖြင့်ရည်ညွှန်း ပြောဆိုခြင်း မပြုရ။ ‘ကျွန်တော်တို့’ ဟူသော ကုမ္ပဏီ တစ်ခုလုံးအပေါ် ကိုယ်စားပြုသည့် စကားလုံးကို သုံးကြသည်။

ရဲညွှန့် (မဟာဝိဇ္ဇာ၊ နိူင်-ဆက်) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀