ဘဝနေနည်း

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း

By HapEye.net

August 25, 2020

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း

‘ငါ အားကစားဘက်မှာ ထူးချွန်နိုင်တယ်’ ဆိုသော အပြုသဘောဆောင်သည့် ယုံကြည်မှုက ‘ငါ အနိုင်ရနိုင်တယ်’ ဆိုသည့် ယုံကြည်မှု အတွေးများကို ဖြစ်ပေါ်လာစေ၏။ ထိုအတွေးက ထိရောက်သော ဆောင်ရွက်မှုအဖြစ်သို့ စေ့ဆော်တိုက်တွန်းပြီး ခွန်အားတက်လာစေလိမ့်မည်။ သင်၏အောင်မြင်မှုများက အပြုသဘောဆောင်သည့် မျှော်လင့်ချက်များကို ဖြစ်ပေါ်လာစေပြီး မိမိကိုယ်ကို ယုံကြည်မှုနှင့် သင်၏စွမ်းရည် တိုးမြင့်လာအောင် အားပေး ထောက်ခံကြမည်ဖြစ်သည်။

အပျက်သဘော တွေးတောခြင်း

အပြုသဘော တွေးတောခြင်း

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline