(Pride keeps Prejudice Company) စတီဖင်ကိုဗေ၏ တင်ပြချက်အရ မနာလိုမုန်းထားမှု ကို မာန်မာနနှင့် တွဲဖက်ဖြစ်စေသည့် နောက်ထပ်အချက်တစ်ခုမှာ ‘ကျွန်မတို့ ငြင်းခုံသည်ဆိုရာတွင် ကျွန်မတို့အားနည်းချက်များအတွက် ကာကွယ်ပြောဆိုနေခြင်းဖြစ်သည်’။ ကျွန်မ ဤကိုးကားချက်ကို နားလည်ရန် အချိန်အတော်ယူလိုက်ရသည်။ ကျွန်မတို့ အခြားလူတစ်ဦး၏ အမြင်ကိုလက်ခံရန် ဆန္ဒမရှိသောအခါ ကျွန်မတို့မှန်သည်ဟု တစ်ထစ်ချယုံကြည်သည့်အခါ၊ ကျွန်မတို့အားနည်းချက်များကို နေရာမရွေ့အောင် တိုက်ခိုက်ယူနေခြင်းဖြစ်သည်။ သင်ယခုလက်ငင်းတွင် ‘ငါက ဒီစာရေးဆရာ ညွှန်းနေတဲ့လူမဟုတ်ဘူး’ ဟု တွေးထင်ပါက သင်သည်လည်း သင့်မာန်မာနကို ထိန်းထားနိုင်အောင် တွန်းလှန်နေခြင်းဖြစ်သည်။
ကျွန်မတို့ တစ်ဦးဦးနှင့် ကိစ္စရပ်တစ်ခုပေါ်တွင် အမြင်သဘောထားဆိုင်ရာ ငြင်းခုံခြင်းသည် ကျွန်မတို့သဘောထားကို မပြောင်းလဲလို၍ တွန်းလှန်နေခြင်း ဖြစ်သည်။ ကျွန်မတို့တွင် ရှိပြီးသားအတွေးကို မပြောင်းလဲလို၍ တိုက်ခိုက်နေခြင်းဖြစ်သည်။
သင်ယခု သဘောပေါက်ပါမည်။ ယင်းသည် သင့်အား နောက်ဆုံးတွင် ခေတ်နောက်ကျစေပါမည်။ ‘သင့်အားနည်းချက်များအတွက် သင်ခုခံတိုက်ခိုက်ပါက ထိုအားနည်းချက်များကို သင်ဆက်ထိန်းထားပိုင်ခွင့်ရှိသည်’ ဆိုသည့် ကိုးကားချက်ကတော့ ဤကိစ္စအပေါ် ကွဲပြားသည့်အမြင်ရှုထောင့်တစ်ခုဖြစ်သည်။
ယနေ့ ကျွန်မ သင်အား အတွေးသစ်ကို လက်ခံဖို့ လမ်းဖွင့်ထားရန် တောင်းဆိုပါသည်။ ကျွန်ုပ်တို့ ဘက်လိုက်မှုကို အသိအမှတ်ပြုလိုက်ခြင်းသည် ဘာနှင့်တူသနည်း။ ထိုနိုးကြားအသိရှိသည့်နေရာသို့ ရောက်ရှိနေပြီဆိုသည်ကို သင် မည်သို့သိနိုင်မည်နည်း။
အဖြေသည် အဘယ်နည်း။ ကျွန်မတို့အနေဖြင့် လူတိုင်း အားနည်းချက်နှင့် အားသာချက်များရှိသည်ဆိုသည်ကိုသိမြင်လာသည့်အခါ ဖြစ်ပါသည်။ လူတိုင်းလူတိုင်း (ကျွန်မတို့အပါအဝင်) သည် အမှားအယွင်းများကို လုပ်မိသလို အောင်မြင်မှုများကို ဖြစ်ထွန်းစေသည်။ ကျွန်မတို့ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်၊ သို့မဟုတ် လက်ရှိအခြေအနေ မည်သို့ရှိရှိ ကျွန်မတို့ဘီလ်များကို အခက်အခဲမရှိ ပေးဆောင်လိုကြသည်။ အားလပ်ချိန်မှာ ပျော်ရွှင်ကြည်နူးလိုသည်၊ အလုပ်တွင် အဓိပ္ပာယ်ရှိသည့်လုပ်ရပ်တစ်ခုကို ဖြစ်ထွန်းစေချင်သည် စသည်တို့ကို သိထားရှိပါက ယင်းသည် ပန်းတိုင်ဖြစ်ပါသည်။
မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။