မနာလိုစိတ်ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတာမျက်နှာမှာတင် အရမ်းကွာတယ်လှတာ မလှတာထက်အေးချမ်းတာနဲ့ ပူလောင်တာမှာ သိသာလွန်းတယ်
ဘယ်လိုပဲ ဟန်ဆောင်နေပေမဲ့ခံစားချက်အစစ်အမှန်ကိုတော့ ဖုံးကွယ်လို့မရပါဘူး အထူးသဖြင့် မျက်နှာမှာပေါ့မျက်နှာလေးကဘယ်လောက်ပဲလှနေပါစေမကောင်းတဲ့စိတ်တွေဝင်လာရင်အကြည်ဓာတ်တွေ ပျောက်ဆုံးပြီးရုပ်ဆိုးသွားတတ်တယ်။
မနာလိုစိတ်ဆိုတာကောင်းတဲ့အရာတစ်ခု မဟုတ်လို့မမွေးမြူတာ အကောင်းဆုံးပါပဲ
ကိုယ့်ထက်သာတဲ့ တော်တဲ့သူ တွေ့တဲ့အခါချီးကျူးသင့်ရင် တော်တယ်လို့ရဲရဲ ချီးကျူးလိုက်ပါအားကျသင့်ရင်ပွင့်ပွင့်လင်းလင်း အားကျလိုက်ပစ်လိုက်ပါ
စိတ်ထဲမှာ ကြိတ်ခံစားပြီးကိုယ့်ကိုကိုယ် ပူလောင်မခံပါနဲ့သူလည်း သူ့ဘဝနဲ့သူ ကိုယ်လည်းကိုယ့်ဘဝနဲ့ကိုယ်ပါ။
သူက ကိုယ့်ထက်သာနေလို့သူ့လိုဖြစ်ချင်ရင် သူ့လို လိုက်ကြိုးစားပါသူ့လိုဖြစ်အောင်လုပ်ပါ ကိုယ်လည်း ဖြစ်လာနိုင်ပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကိုအေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင်ကိုယ့်မှာမကောင်းတဲ့ စိတ်ဓာတ်တွေအရည်အသွေးတွေ မရှိနေမှ ဖြစ်မှာပါအများကြီးမဟုတ်ရင်တောင် ပြည့်ဝတဲ့ စိတ်ဓာတ်လေးတော့ ရှိအောင်ကြိုးစားပါ။
ကိုယ့်ထက်သာရင်မနာလိုတယ်ဆိုတဲ့ အရာကြီးကစိတ်ကိုတင်မကပဲ လူကိုပါ ရုပ်ဆိုးစေတာမို့မထားတာအကောင်းဆုံးပါပဲ။
ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်မခံပါနဲ့ရုပ်ဆိုးမခံပါနဲ့ လှအောင်ပဲနေပါစိတ်ထားလှရင် လူကလည်းသူ့အလိုလို လှလာပါလိမ့်မယ်။