သုတ

ဘောလုံး (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၅ )

By HapEye.net

February 20, 2020

ဘောလုံး (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၅ ) ~~~~ စည်းမျဉ်း ၅ တွင် ဂေါက်သီး၏ဒီဇိုင်း၊ အရွယ်အစား၊ အတိုင်းအတာများ၊ အကြံဉာဏ်တောင်းခံခြင်း နှင့် တင်ပြခြင်းများကို နောက်ဆက်တွဲအခန်း ၃ တွင် အသေးစိတ်ဖော်ပြထားသည်။

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များအား စာလုံးအစောင်းဖြင့် ရေးသားထားသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စာမျက်နှာ ၂၅ မှ ၃၆ တွင် ဖတ်ရှုရန်။

Rule 5-1. General စည်းမျဉ်း ၅-၁ သတ်မှတ်ချက်။ ကစားသူကစားသောဂေါက်သီးသည် နောက်ဆက်တွဲအခန်း ၃ တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။

Note မှတ်ချက် – ကော်မတီသည် စည်းမျဉ်း 33-1 အရ ပြိုင်ပွဲစည်းမျဉ်းနှင့်စနစ်တွင် ဘောလုံးများနှင့် ပက်သက်၍ R&A ၏ လက်ရှိသတ်မှတ်ချက်စာရင်းတွင် ပါဝင်သောဘောလုံးဖြစ်ရမည်ဟု ဖော်ပြနိုင်သည်။

Rule 5-2. Foreign Material အခြားပစ္စည်းများအသုံးပြုခြင်း ကစားနေစဉ်အတွင်း ဘောလုံးကို အခြားဘောလုံးနှင့်မမှားအောင် အမှတ်အသားပြုလုပ်ခြင်းမှလွဲ၍ မူလဘောလုံး၏ အသွင်ပုံသဏ္ဍာန်ပြောင်းစေရန် အခြားပစ္စည်းများအသုံးပြုခြင်း၊ လုပ်ဆောင်ခြင်း မပြုလုပ်ရပါ။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 5-1 နှင့် စည်းမျဉ်း 5-2 ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ DQ ဖြစ်သည်။

Rule 5-3. Ball Unfit For Play စည်းမျဉ်း ၅-၃ ကစားရန်မကောင်းသော ဘောလုံးအဖြစ် သတ်မှတ်ခြင်း ဘောလုံးသည် သိသာထင်ရှားစွာ ကွဲသွားခြင်း၊ အက်သွားခြင်းနှင့် ပုံသဏ္ဍာန်ပြောင်းသွားလျှင် ကစားရန် မကောင်းတော့သောဘောလုံးဟု သတ်မှတ်သည်။ ဘောလုံး၏မျက်နှာပြင်တွင် ရွှံ့ (သို့မဟုတ်) ပစ္စည်းတစ်ခုခု တွယ်ကပ်နေခြင်း၊ ပွန်းသွားခြင်းနှင့် အစင်းကြောင်းထင်သွားခြင်းအတွက် ကစားရန်မကောင်းသော ဘောလုံးအဖြစ် မသတ်မှတ်ပါ။

ကျင်းကစားနေစဉ်အတွင်း မိမိဘောလုံးသည် ကစားရန်မကောင်းဟု ယုံကြည်ပါက ဘောလုံးကို ကောက်ယူစစ်ဆေးနိုင်သည်။ စစ်ဆေးရန် ဘောလုံးကိုမကောက်မီ ကစားဖော် (သို့မဟုတ်) မိမိ၏မာကာကို ကြို၍ အသိပေးပြောကြားရမည်။ ဘောလုံးကို နေရာမှတ်၍ ကောက်ယူစဉ်နှင့် ပြန်ထားခြင်းများကို ကစားဖော် (သို့မဟုတ်) မိမိ၏မာကာကို ကြည့်ရှုခွင့်ပြုရမည်။ ဘောလုံးကို မာကာ (သို့မဟုတ်) ကစားဖော်ကို စစ်ဆေးရန် ပြသရမည်။ ထိုသို့စစ်ဆေးရန် စည်းမျဉ်း 5-3 အရ ကောက်ယူထားသောအချိန်တွင် ဘောလုံးကိုစစ်ဆေးခြင်း မပြုလုပ်ရပါ။

မိမိတစ်ဦးတည်းသဘောဖြင့် ဘောလုံးကို ကောက်ယူစစ်ဆေးခွင့် မရှိပါ။ ဘောလုံးကို ကောက်ယူပြီးနောက် ဘောလုံးကောင်းမကောင်း စစ်ဆေးရန်အတွက်ဖြစ်ကြောင်း ခိုင်လုံသောအချက်မရှိပါက (သို့မဟုတ်) အထက်ပါအတိုင်း မပြုလုပ်ပါက ပြစ်ဒဏ် ၁ ချက်ပေးရမည်။

မာကာ (သို့မဟုတ်) ကစားဖော်က ကစားရန်မကောင်းတော့သော ဘောလုံးဟု စစ်ဆေးအတည်ပြုပြီးမှသာ နောက်ထပ်ဘောလုံးကို ကျင်းကစားနေစဉ်အတွင်း လဲခွင့်ရှိသည်။ နောက်ဘောလုံးတစ်လုံး အစားထိုးသောအခါ မူလဘောလုံးရှိခဲ့သောနေရာတွင် ချထား၍ လဲရမည်။ ဘောလုံးလဲရန် မလိုအပ်ပါက မူလမှတ်ထားသော နေရာတွင် ဘောလုံးကို ပြန်ချ၍ ကျင်းပြီးဆုံးအောင် ဆက်ကစားရမည်။

အကယ်၍ ကစားသမားက ဘောလုံးအစားထိုးခွင့်မရှိဘဲ မှား၍အစားထိုးရိုက်ခဲ့ပါက စည်းမျဉ်း 5-3 အရ ပြစ်ဒဏ် ၂ ချက်ပေးရမည်၊ ထိုပြစ်ဒဏ်ပေးပြီးပါက ဤစည်းမျဉ်း (သို့မဟုတ်) စည်းမျဉ်း 15-2 အရ ပြစ်ဒဏ်ထပ်ပေးရန်မလိုပါ။ ဘောလုံးကို ရိုက်လိုက်သောအခါဖြစ်စေ၊ တစ်စုံတစ်ခုအားမှန်၍ တစ်စစီကွဲသွားပါက ပြစ်ဒဏ်မပေးရဘဲ နောက်ဆုံးရိုက်ခဲ့သောနေရာမှ ဘောလုံးအစားထိုး၍ ရိုက်နိုင်သည်။ စည်းမျဉ်း 20-5 ကို ဖတ်ရှုရန်။

ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 5-3 ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး                 အချက်ရေကစားခြင်း – ၂ ချက် စည်းမျဉ်း 5-3 ၏ပြစ်ဒဏ် ၂ ချက် ပေးပြီးပါက ထပ်မံ၍စည်းမျဉ်း 15-2 အရ ပြစ်ဒဏ်ထပ်ပေးရန် မလိုပါ။

Note 1 မှတ်ချက် ၁ – ပြိုင်ဘက် (သို့မဟုတ်) ကစားဖော်မာကာက မိမိလဲလိုသောဘောလုံးသည် ဆက်လက်ကစားရန် ကောင်းမွန်သည်ဟု ကန့်ကွက်လိုလျှင် အစားထိုးထားသော ဘောလုံးအား မရိုက်မီ ပြောရမည်။

Note 2 မှတ်ချက် ၂ – ဘောလုံးအား ကောင်းမကောင်းစစ်ဆေးရန် ကောက်ယူပြီးနောက် ဘောလုံးမူလတည်ရှိခဲ့သော မြေပြင်အနေအထား ပြောင်းလဲသွားလျှင် စည်းမျဉ်း 20-3b အတိုင်း ဆောင်ရွက်ရမည်။

ပတ်တင်ဂရင်းပေါ်ရှိ ဘောလုံးအား ကောက်ယူသန့်စင်ခြင်း (သို့မဟုတ်) အခြားသန့်စင်ခြင်းများအတွက် စည်းမျဉ်း 21 ကို ဖတ်ရှုရန်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online