ဘဝနေနည်း

ဘဝကပေးတဲ့ သင်ခန်းစာ (၁၈) ချက်

By HapEye.net

June 09, 2020

၁။ မိမိကိုယ်ကို တန်ဖိုးထားပါ။    မိဘက အပင်ပန်းခံပြီး ကျွေးမွေးစောင့်ရှောက်လို့သာ ကြီးပြင်းလာရတာပါ။ စိတ်ပင်ပန်းတဲ့အခါ ဘုရား၊ တရား၊ မိဘ၊ ဆရာတွေကို မမေ့မှသာလျှင် ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်မှာပါ။၂။ဆုံးရှုံးတာကို ကြောက်မနေဘဲ လုပ်သင့်တာကို လုပ်ပါ။    ကိုယ့်ရဲ့ဘဝမှာ လုပ်ချင်တာကို ဘာကိုမှမကြောက်ဘဲ လုပ်သင့်တာကို လုပ်ပါ။ ဘယ်လိုမှ မဖြစ်နိုင့်တဲ့ ရည်မှန်းချက်ဘဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က ဘာဘဲပြောပြော သူက ဘယ်လိုထင်သလဲ။ သူတစ်ပါးရဲ့ အရိပ်အခြေကိုဘဲကြည့်ပြီး ဘဝကို လျှောက်လှမ်းဖို့ မလိုပါ။ဖြစ်ချင်တဲ့ဆန္ဒ၊ ပြင်းပြတဲ့ အရာကို သတ္တိရှိရှိနဲ့သာ ရှေ့ဆက်လျှောက်ပါ။ လုပ်ပြီး မအောင်မြင်ခဲ့ရင်လည်း နောင်တဆိုတဲ့ စကားလုံးနှစ်လုံးကတော့ ပေါ်လာမှာမဟုတ်ပါဘူး။၃။ လူဆိုတာ အကုန်လုံး အတူတူချည်းပါ။    ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးဟာ အတူတူချည်းပါပဲ။ လူတွေထဲမှာတော့ သူဌေးဆိုတာလည်းရှိပြီး မတူသလို မတန်သလို ဆက်ဆံတာမျိုးလည်း ရှိနိုင်ပါတယ်။    ဒါပေမဲ့လည်း အားမငယ်ပါနဲ့။    သူဌေးတွေမှာလည်း ကြောက်စိတ်၊ အားငယ်စိတ်တွေ ရှိပါတယ်။ တစ်ခြားလူတွေလို ဗိုက်ဆာရင် ထမင်းစားပြီး ပင်းပန်းလာရင် အိပ်တတ်ပါတယ်။၄။ လုပ်ချင်တဲ့ အရာတွေကို ရေးမှတ်ထားပါ။    ဘဝမှာ လုပ်ချင်တဲ့အရာကို သေသေချာချာရေးချပြီး မှတ်သားစေလိုပါတယ်။ ခရီးသွားချင်တဲ့နေရာ၊ သင်ချင်တဲ့စာ၊ တက်ချင်တဲ့ကျောင်း၊ ဖြစ်ချင်တာအားလုံးကို ရေးချထားပြီး ၁နှစ်အတွင်း ဖြစ်နိုင်မဲ့အရာကို စလုပ်ပါ။ ဒီအကျင့်လေးကို နှစ်စဉ်လုပ်စေချင်ပါတယ်။ မနက်ဖြန်မှ လုပ်မယ်ဆိုလျှင် ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ပါ။ လူ့ဘဝဆိုတာ မနက်ဖြန်ဆိုတာ ရှိချင်မှ ရှိမှာပါ။ ဘားမှ မမြဲဘူး ဆိုတာကို သတိရပါ။၅။ ကလေးတွေကို ချီးကျူးပါ။    အိုင်ယာလန်လူမျိုးတွေမှာ စကားပုံ ရှိပါတယ်။ ကလေးကို လေးလေးစားစား အားပေးအားမြှောက်လုပ်ရင် ကလေးက မပြောလည်း ကြိုးစားမှာပါ။ ကိုယ့်မှာ ကလေးရလာရင် လုပ်ဖြစ်အောင် လုပ်ပါ။၆။ လူတွေကို ကူညီပါ။    ဖြစ်နိုင်ရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ချို့တဲ့ပြီး လူ့ဘောင်ကနေ ဝေးကွာနေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပါ။ သူတို့ရဲ့ ဘဝမှာ ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊ ဒဏ်ရာတွေနဲ့ ပြည့်နေပါတယ်။၇။ တစ်ယောက်နဲ့ တစ်ယောက် သတ်နေတဲ့ စစ်ပွဲဆိုတာ မကောင်းပါဘူး။    နိုင်ငံရေးဟု နိုင်ငံခေါင်းဆောင်တွေက စာရွက်တွေမှာ လက်မှတ်ထိုးပြီး စခဲ့တဲ့ စစ်ပွဲတွေမှာ အသက်တွေ ဆုံးရှုံးရတာကတော့ လူငယ်တွေပါ။ နောက်ဆုံးတော့ စာရွက်တွေမှာ လက်မှတ်ထိုးပြီးတော့ စစ်ဆိုတာ အဆုံးသတ်ရတာပါ။၈။ စာများများဖတ်ပါ။    စာများများဖတ်မှသာလျှင် ဉာဏ်ထက်ပြီး အသိဉာဏ် တိုးလာမှာပါ။၉။ ရိုးရိုးသားနေပါ။    ရိုးရိုးသားနေတယ်ဆိုတာ မွန်မြတ်ပါတယ်။၁၀။ ခရီးသွားပါ။    တတ်နိုင်ရင် ခရီးများများသွားပါ။ ပိုက်ဆံစုပြီးမှ သွားမယ်ဆိုရင် တော်တော်နဲ့ သွားဖြစ်မှာ မဟုတ်ပါ။ အဝေးကြီးသွားစရာ မလိုပါ။ ကိုယ့်ရပ်ရွာကနေ ပတ်ဝန်းကျင်မှာလည်း မသွားဘူးတဲ့နေရာဆိုတာ ရှိနိုင်ပါတယ်။၁၁။ ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ အသက်မွေးပါ။    ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ဘဝရဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်သင့်ပါတယ်။ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ပေမဲ့ ကြိုးစားပါ။ ပိုက်ဆံကိုပဲကြည့်ပြီး အလုပ်ကိုရွေးရင်တော့ အလုပ်က ပျော်စရာကောင်းမှာ မဟုတ်ပါ။၁၂။ သူတစ်ပါးကို မဆဲမဆူပါနဲ့။    သူတစ်ပါးကို ဆဲဆူလိုက်ရင် ကိုယ်လည်း စိတ်မကောင်းသလို အပြောခံရတဲ့သူမှာလည်း ခံရခက်ပါတယ်။ ဒါကို ရှောင်ဖို့ဆိုတာ ခက်ခဲပေမဲ့ တတ်နိုင်သလောက် မလုပ်ပါနဲ့။၁၃။ ကလေးတွေရဲ့ ကတိကို မဖျက်ပါနဲ့။    မဖြစ်နိုင်တဲ့ ကိစ္စကို ဖြစ်အောင်လုပ်မယ်လို့ မပြောဘဲနဲ့ ကလေးတွေကို ပေးထားတဲ့ကတိဆိုတာ မပျက်နိုင်တဲ့ ကတိကိုပေးပါ။ ကလေးတွေရဲ့ နှလုံးသားဆိုတာ ရိုးသားစင်ကြယ်တဲ့အတွက် ဒဏ်ရာတွေ မပေးပါနဲ့။၁၄။ ချစ်ခြင်းတရားကို မလိမ်မိပါစေနဲ့။    သူတစ်ပါးကို စိတ်ထဲက မချစ်ဘဲနဲ့ ချစ်တယ်လို့ မပြောမိပါစေနဲ့။၁၅။ ပတ်ဝန်းကျင်သဘာဝကို လေ့လာပါ။    တတ်နိုင်သလောက် အပြင်ကိုထွက်ပြီး လူ့လောကကြီးမှာ ဘာတွေဖြစ်နေသလဆိုတာ ကိုယ့်မျက်စိနဲ့ ကြည့်ပါ။၁၆။ ကိုယ့်ရဲ့ ဘိုးဘွာတွေအကြောင်း မေးကြည့်ပါ။    ကိုယ့်ရဲ့ ဘိုးဘွားတွေက ဘယ်လိုကြိုးစားခဲ့ရသလဲ ဆိုတာကိုမေးသင့်ပါတယ်။၁၇။ ချစ်တဲ့သူကို ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။    ချစ်တဲ့သူကို မဆုံးရှုံးခင်မှာ ချစ်တဲ့အကြောင်း ကျေးဇူးတင်တဲ့အကြောင်းကို ပြောဖြစ်အောင် ပြောပါ။၁၈။ ဘဝဆိုတာ နောက်ပြန်လျှောက်လို့ မရပါ။    ဘဝဆိုတာ တစ်နေ့ပြီးတစ်နေ့ ပြီးဆုံးရတာပါ။ တစ်ရက် တစ်ရက် တန်ဖိုးရှိရှိ အသုံးချစေချင်ပါတယ်။

ပန်းတိုင်ဆိုတာကိုယ့်ဆီမလာဘူးကိုယ်ကသာပန်းတိုင်ဆီရောက်အောင်သွားရမှာ။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။