သုတ

ပုဇွန်ချဉ်စပ်

By Hnin Oo Wai

July 21, 2020

ပုဇွန်ချဉ်စပ်

ပါဝင်သောပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*ပုဇွန်ကို အခွံခွာပြီး ကျောရှိအညစ်အကြေးများ သန့်အောင် ဖယ်ရှားကာ ပုဇွန်မာနေအောင် အလေးဖြင့်ဖိထားပါ။

*ဒယ်အိုးတွင် ဆီထည့်ပြီး ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနှင့် ငရုတ်သီး မွှေကြော်၍ ဆီသတ်ပါ။ မွှေးလာရင် ပုဇွန်ထည့်ပါ။ ပုဇွန်အရောင်ပြောင်းပြီး ကွေးလာလျှင် မျှစ်ကိုထည့်ပါ။

*ပန်းကန်လုံးတစ်ခုမှာ ယိုးဒယား ငရုတ်ချဉ်ရည်၊ ရေနှင့် ပြောင်းကော်မှုန့်တို့ကို ရောထည့်မွှေပြီး ပုဇွန်ဟင်းထဲကို လောင်းထည့်ပါ။ ဟင်းရည်ပျစ်သည်အထိ မွှေပေးရပါမည်။

*ဟင်းရည်ပျစ်လာလျှင် ပင်စိမ်းရွက်ကို ထည့်မွှေပြီး ဟင်းအိုးချနိုင်ပါြပီ။(ထိုင်းနည်း)

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ