သုတ

ပုဇွန်ကော်ပြန့်လိပ်

By Hnin Oo Wai

July 07, 2020

ပုဇွန်ကော်ပြန့်လိပ်

ပါဝင်သောပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*စိမ်းစားဥကို အမြှောင်းအချောင်းလေးတွေ လှီးထားပါ။ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်ရောပြီး ကြော်ထားရမည်။ ဂဏန်းလက်မများကို ရေနွေးဆူဆူထဲထည့်ပြီး ငါးမိနစ်ခန့်ပြုတ်ပါ။ ပြီးလျှင် အခွံခွာပါ။*ထို့နောက် ပုဇွန်ကို ကြက်သွန်နီဖြင့် ကြော်ထားပါ။ ပဲပင်ပေါက်ကိုလည်း ရေနွေးနှင့် ၂မိနစ် စိမ်ထားရမည်။ ထို့နောက် ငရုတ်သီးစိမ်းအပွကို ထောင်းပြီးနောက် ရာလကာရည်ဖြင့် ရောထားလိုက်ပါ။ ထန်းလျက်ဖြူကို ကျိုပါ။*ကြက်သွန်ဖြူကို ဆီသတ်ပြီးလျှင် ကော်ြပန့်ရွက်အပေါ်မှာ ဆလပ်ရွက်ကို တင်ကြော်ထားပြီး ၎င်းအပေါ်တွင် စိမ်းစားဥ၊ ပဲပင်ပေါက်၊ ဂဏန်း၊ ပုဇွန်၊ ဘဲဥ၊ ငရုတ်၊ ကြက်သွန်ဆီချက်၊ အချိုရည်၊ နံနံပင်၊ ကြက်သွန်မြိတ်ထည့်ပါ။ ပြီးပါက ကျစ်ကျစ်ကလေး လိပ်ထားရမည်။*ဤအဆင့်များပြီးလျှင် ကော်ပြန့်လိပ်ကို အသင့်စားသုံးနိုင်မည် ဖြစ်ပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ