သမိုင်း

ပထမမြောက် အဲလစ္စဘက် (၁၅၃၃ – ၁၆၀၃)

By Hnin Oo Wai

August 04, 2020

ပထမမြောက် အဲလစ္စဘက် သည် တူဒေါမျိုုးဆက်တွင် နောက်ဆုံးဖြစ်သည်။ ရင်သွေးမရှိသည့် ပထမမြောက်မေရီဘုရင်မ အနိစ္စရောက်ပြီးနောက် ဆက်ခံသူဖြစ်သည်။ ပရိုတက်စတင့်ဘုရင်မအားလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် အဲလစ္စဘက်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး လေးစားရိုသေမှုအခံရဆုံး သက်ဦးဆံပိုင်ဘုရင်တို့ထဲမှတစ်ဦးအဖြစ်သို့ရောက်ရှိခဲ့သည်။ အထူးသဖြင့် စာပေမှာ သူ၏လက်အောက်၌ ဖွံ့ထွားရှင်သန်လာခဲ့၏။ (ရှိတ်စပီးယားမှာ သူ့ခေတ်တွင် ရှင်သန်နေထိုင်သူဖြစ်သည်)။ ‘အပျိုစင် ဘုရင်မ’ ဟုလည်းခေါ်ဆိုကြပြီး အဲလစ္စဘက်သည် ထိမ်းမြားလက်ထက်ခြင်း မရှိခဲ့ပေ။၁၅၃၃၊ စက်တင်ဘာလ၊ ၇ – အဌမမြောက် ဟင်နရီဘုရင်နှင့် သူ၏ဒုတိယဇနီးအန်းဘိုလင်န်းတို့မှ ဖွားမြင်သည်။၁၅၅၈ – အင်္ဂလန်ဘုရင်မအဖြစ် ပထမမြောက်မေရီကို ဆက်ခံသည်။၁၅၇၀၊ ဖေဖော်ဝါရီလ၊ ၂၅ – ပုပ်ရဟန်းမင်းကြီးပဉ္စမမြောက် ပီရပ်စ်က ခရစ်ယာန်အသင်းတော်ဝင်အဖြစ်မှ ကြဉ်လိုက်သည်။ ရိုမန်ကတ်သလစ် လျှို့ဝှက်ပူးပေါင်းကြံစည်သူတစ်စုတို့ကဘုရင်မအား သတ်ဖြတ်ပြီး စကော့တလနဘုရင်မ ပထမမြောက် မေရီနှင့် အစားထိုးခန့်အပ်ရန် ကြံစဉ်ရာတွင် ရီဒိုလ်ဖိုက ဦးဆောင်သည်။၁၅၈၇ – စကော့တလန်ဘုရင်မ ပထမမြောက်မေရီ ကွပ်မျက်ခံရသည်။၁၅၈၈ – အဆုံးအဖြတ်ပေးသည့် အောင်ပွဲရလဒ်အဖြစ် စပိန်ဘုရင် ဒုတိယမြောက် ဖိလစ်က စပိန်ပိုင် ကာမာဒါသို့ပို့ခဲ့သည်။၁၆၀၃၊ မတ်လ၊ ၂၄ -ဆာရေးရှိရစ်ခ်ျမွန် နန်းတော်တွင် ကွယ်လွန်အနိစ္စရောက်သည်။ သူ့ကိုဆက်ခံမည့်သူအား ရွေးချယ် သတ်မှတ်ခဲ့ခြင်း မရှိပေ။

မိုးသိမ်းဘာသာပြန်ဆိုသော ခေါင်းဆောင် ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားသည်။