သုတ

ပင်လယ်စာ ဂျင်စင်း

By Hnin Oo Wai

July 01, 2020

ပင်လယ်စာ ဂျင်စင်း

ပါဝင်ပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

* ဂျင်စင်း မြစ် ကိုရေဆေးပါ။ ပုဇွန်ကို အခွံသင်ပြီး သကြား၊ ဆားနယ်ပါ။ ကနုကမာနဲ့ပြည်ကြီးငါးကိုပြုတ်ထားပါ။ မှိုကြီးခြောက်ကို ၂၀မိနစ်ခန့်ရေစိမ်ထားပါ။ ပဲလိပ်ကိုလည်း ၂၀မိနစ်ခန့်ရေစိမ်ပြီး အမြှောင်းကလေးများလှီးထားပါ။ ချင်း ဓားပြားရိုက်ထားပါ။

*မုန်လာဥဖြူများကို အခွံသင်ပြီး အတုံးကလေးများ လှီးဖြတ်ထားပါ။ အရိုးပြုတ်ရည်ထဲသို့ ကမာနှင့်ပြည်ကြီးငါးများထည့်၍ပြုတ်ပါ။ ၎င်းအထဲသို့ မှိုကြီးခြောက်နှင့်ပဲလိပ်ထည့်ပါ။ မုန်လာဥဖြူနှင့်ချင်းတို့ပါထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ပုဇွန်များထည့်ပါ။ အရသာအတွက်ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်ခပ်ပါ။ ဟင်းအိုးချခါနီးတွင် နှမ်းဆီလေး အပေါ်မှထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ် ပိုင်းဖြတ်ပြီး အုပ်၍ သုံးဆောင်ပါ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ