သုတ

ပင်လယ်စာဟင်းချို

By Hnin Oo Wai

August 14, 2020

ပင်လယ်စာဟင်းချို

ပါဝင်သောပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*ဂုံးကို ရေစင်အောင်ဆေးပြီး အမဲချောင်းများကို ဓားဖြင့်လှီးထုတ်လိုက်ပါ။ ခရုကိုလည်း အခွံသင်ပြီး ရေစင်အောင် ဆေးထားပါ။ ပြည်ကြီးငါးကို ရေဆေးပြီး တစ်ခါစားစာ အတုံးကလေးများတုံးပါ။ ပြီးနောက် အပြားလိုက် ဇကာကွက်ကလေးများကဲ့သို့ မွှန်းလိုက်ပါ။

*ဂဏန်းကို အခွံသင်ပြီး ၂ပိုင်း ပိုင်းပါ။ ပုဇွန်ကိုလည်း အခွံသင်ပြီး အမြီးပိုင်းကလေးကို ချန်ထားလိုက်ပါ။ မုန်လာဥနီကို အပိုင်းကလေးများအဖြစ် လှီးထားပါ။ ကိုးရီးယားမုန်ညင်းကို အရွက်ရင်းများ ဖယ်ပြီး အပင်လိုက် ရေစင်အောင်ဆေးပါ။

*မီးဖိုပေါ်တွင် အရိုးပြုတ်အိုးတင်ပြီး ငရုတ်သီးအနှစ်နှင့် ချင်းကို ဓားပြားရိုက်၍ ထည့်လိုက်ပါ။ ထိုအထဲသို့ ဂုံးကို အရင်ဆုံး ထည့်ပါ။ ခပ်နာနာပြုတ်ပါ။ ဂုံးနူးလာလျှင် ကြက်သွန်ဖြူ ထု၍ထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ခရု၊ ပြည်ကြီးငါးနှင့် ဂဏန်းများထည့်ပါ။

*မှိုနှင့် မုန်လာဥများ ထည့်ပါ။ ခရမ်းချဉ်သီးကို လေးစိတ်စိတ်၍ ထည့်ပါ။ အရသာအတွက် အရိုးပြုတ်ရည်နှင့် ကြက်သားမှုန့်ကို လိုသလို ထည့်ပါ။ ထို့နောက် ပုဇွန်များကို ထည့်လိုက်ပါ။ စားခါနီးလျှင် ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းအုပ်၍ သုံးဆောင်ပါ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ