ဘဝနေနည်း

နေ့စဉ် ရေ တစ်ခွက်သာ သောက်ခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ

By HapEye.net

June 09, 2020

“ကျွမ်းကျင်သူတွေကတော့ တစ်နေ့ကို ရေ နှစ်လီတာ (ရှစ်ဖန်ခွက်) သောက်ဖို့ အကြံပေးထားပေမယ့် တချို့လူတွေဟာ သောက်ရေအတွက် ရေ အလွယ်တကူမရတာ၊ ခရီးလမ်းမှာ မကြာခဏအိမ်သာသွားရမှာစိုးလို့ ရေ လျော့သောက်တာလိုမျိုး အကြောင်းကြောင်းတွေကြောင့် ရေသောက်နည်းတက်ကြပါတယ်။ သင့်ခန္ဓာကိုယ်  အနေနဲ့ ရေဓာတ်ပြည့်ဝစွာရှိဖို့ လိုအပ်နေတဲ့အတွက် တစ်နေ့ကိုရေ တစ်ခွက်ပဲသောက်သုံးရင် ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိထားသင့်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။”

ရင်တုန်ခြင်း

သင့်ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုဟာ အကောင်းဆုံးအနေအထားရောက်ရှိဖို့ ရေများများသောက်ဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ရေတစ်ခွက်ပံသောက်တာကြောင့် သွေးပမာဏ လျော့နည်းသွားတဲ့အတွက် နှလုံးက ပုံမှန်ထက် ခက်ခက်ခဲခဲ အလုပ်လုပ်ရတာကြောင့် နှလုံးခုန်၊ ရင်တုန်လာပါတယ်။

သွေးဖိအားကျဆင်းသွားခြင်း

နှလုံးက ခက်ခက်ခဲခဲ အလုပ်လုပ်ရတဲ့အတွက် သွေးဖိအားလည်း ကျဆင်းသွားနိုင်ပါတယ်။ သွေးဖိအားမြင့်တက် လွန်းတာက ကျန်းမာရေးအတွက်ဆိုးဝါးနိုင်သလို သွေးဖိအားတာကြောင့်လည်း ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင်လိုအပ်သလောက် မရောက်ရှိနိုင်တဲ့အတွက် ကျန်းမာရေး  အခြေအနေဆိုးရွားနိုင်ပါတယ်။

ခေါင်းကိုက်ခြင်း

ခန္ဓာကိုယ်အတွင်း ရေလုံလုံလောက်လောက် မရတာကြောင့် အလွန်အမင်းခေါင်းကိုက်နိုင်ပါတယ်။ သင့်ဦးနှောက်မှာ ရေက ၅၇ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ရေဓာတ်မပြည့်ဝခဲ့ရင် ဦးနှောက် ယာယီကျုံ့သွားတာကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရတာပါ။

အာရုံစူးစိုက်မှု လျော့နည်းခြင်း

ဦးနှောက်က ရေဓာတ်ပြည့်ပြည့်ဝဝရရှိဖို့ လိုအပ်တဲ့အတွက် ကိုယ်တွင်းရေဓာတ်မပြည့်ဝချိန်မှာ ဦးနှောက်အနေနဲ့ ခက်ခက်ခဲခဲ အလုပ်လုပ်ရပါတယ်။ ရေသောက်နည်းတာကြောင့် ပင်ပန်းနွမ်းနည်တဲ့အပြင် စိတ်ခံစားချက်လည်း မကောင်းတော့တဲ့အတွက် အလုပ်အပေါ်မှာ အာရုံစူးစိုက်မှု လျော့နည်းသွားနိုင်ပါတယ်။

ကြွက်တက်ခြင်း

ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအနေနဲ့လည်း အလုပ်ကောင်းမွန်စွာလုပ်နိုင်ဖို့ ရေလိုအပ်ပါတယ်။ ရေသောက်နည်းတာကြောင့် ကြွက်သားအားနည်းတဲ့အပြင် ကြွက်တက်တဲ့ ဝေဒနာခံစားရနိုင်ပါတယ်။

ဆီးအရောင်ရင့်ခြင်း

သင့်ရဲ့ ဆီးအရောင်ကိုကြည့်ပြီး သင့်အနေနဲ့ ရေလုံလုံလောက်လောက် သောက်မသောက်သိရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရေတစ်ခွက်ပဲသောက်တာကြောင့် ကိုယ်တွင်းရေဓာတ် ချို့တဲ့တဲ့ လက္ခဏာအနေနဲ့ သင့်ရဲ့ ဆီးအရောင်ရင့်သွားနိုင်ပါတယ်။

ဝမ်းချုပ်ခြင်း

စဉ် ရေဓာတ် လုံလုံလောက်လောက် မသောက်နိုင်ရင် ဝမ်းချုပ်နိုင်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်ပါဝင်မှုနည်းပါးတဲ့အစာစားသူတွေ၊ ထိုင်ပြီး အလုပ်လုပ်ရသူတွေပါ။ ဝမ်းချုပ်တာကြောင့် လေပွတာ၊ အသားအရည် ညစ်ထပ်ထပ်ဖြစ်တာ၊ ခံတွင်းအနံဆိုးထွက်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်   သင့်အနေနဲ့ ဘယ်လိုအခက်အခဲမျိုး၊ ဘယ်လိုအနေအထားမျိုးမှာမဆို ရေကို လုံလုံလောက်လောက် ရရှိအောင် မဖြစ်မနေ သောက်သုံးပါ။             

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။