နို့ထိန်းသည် အပျိုတော် မယ်ရွဲ မန္တလေးမှာရှိသည်မင်းတုန်းမင်းလက်ထက်-ကုန်းဘောင်ခေတ်တွင်ကုန်းဘောင်မင်းဆက် (၁၁) ဆက်ရှိရာ သတ္တမမြောက် ဘကြီးတော်မင်း ခေါ် စစ်ကိုင်းမင်းသည် မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ်(ခရစ်နှစ် ၁၈၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်)တွင် အမရပူရမြို့ကို နန်းတက်စိုးစံခဲ့သည်။
ဘကြီးတော်မင်းသည် ပုဂံမင်း၊ မင်းတုန်းမင်းတို့၏ ဘကြီးတော်ဖြစ်၍ ဘကြီးတော်မင်းဟု ခေါ်သည်။ ဘကြီးတော်မင်းသည် အမရပူရမြို့ နန်းတက်စိုးစံတော်မူရာ နန်းစံ (၂) နှစ်နန်းစံပြီး မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ်တွင် “အင်းဝ”ကို လေးကြိမ်မြောက်တည်ထောင်ပြီး နန်းစံသော ကြောင့် “ရတနာပူရစတ္တုမြို့တည်မင်း”ဟု ရာဇဝင်၌ ရေးထိုးမှတ်သားထားသည်။
မင်းသားဘဝတွင် စစ်ကိုင်းမြို့ကို မုန့်ဖိုးရသောကြောင့် လည်းကောင်း၊ နန်းတော်၌ ဖလ်မှန်များ စီချယ်ထားသောကြောင့် လည်းကောင်း၊ သမိုင်းတွင် ရေးထိုးမှတ်သားထားသည်။ ဘကြီးတော် မင်းလက်ထက်မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ် နယုန်လမှစ၍ မှန်နန်းတော်ဦးတွင်မြန်မာရာဇဝင် တော်ကြီးကို ရေးသားထားသောကြောင့် “မှန်နန်းရာဇဝင်” တွင်သည်။
ဘကြီးတော်မင်းသည် ညီတော် သာယာဝတီမင်းကို ထီးနန်းလွှဲအပ်သည်။ ထီးနန်းလွှဲအပ်ပြီး နောက်မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်သီတင်းကျွတ်လတွင် နတ်ရွာစံတော်မူသည်။ (ခရစ်နှစ် ၁၈၄၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ဖြစ်သည်။
ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ် (ခရစ်နှစ် ၁၈၇၃-၁၈၇၆) တွင် သာယာဝတီမင်းသည် အင်းဝမြို့နန်းတက်ပြီးနောက် မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် အမရပူရမြို့ကို အသစ်တည် ထောင်၍ ထီးနန်းစိုးစံသည်။ (ခရစ်နှစ် ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ရက်)
မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ် (ခရစ်နှစ် ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့) သာယာဝတီမင်း သည် အသက် (၆၀) ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၄) ရက်သောကြာနေ့တွင် ကံတော်ကုန်သည်။ သာယာဝတီမင်း ကံတော်ကုန်သော် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ် (ခရစ်နှစ် ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်)တွင် သားတော် ပုဂံမင်း အမရပူရမြို့နန်းတက် ထီးနန်းစံသည်။
ပုဂံမင်းသား အမရပူရမြို့ထီးနန်းစံချိန်တွင် ပုဂံမင်း၏ညီတော်များဖြစ်ကြသောမင်းတုန်းမင်းသား နှင့်ကနောင်မင်းသား ညီနောင်နှစ်ပါးသည် နောင်တော်ပုဂံမင်းအား ပုန်ကန်တော်လှန်ရန် ကြံစည် ကြသည်ကို ပုဂံမင်းသိတော်မူရာ ညီတော်မင်းသားနှစ်ပါးအား ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။ ဤတွင် မင်းတုန်းမင်းနှင့် ကနောင်မင်းသားနှစ်ပါးသည် နောင်တော်ပုဂံမင်း၏ မင်းပြစ်ဒဏ်မှ ကင်းလွတ်အောင် ခရစ်နှစ် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့တွင် အမရပူရမြို့တော်မှရွှေဘိုမြို့ သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။