သမိုင်း

ဒုတိယမြောက် ဖရက်ဒရစ် (၁၇၁၂ – ၁၇၈၆)

By Hnin Oo Wai

August 14, 2020

ဖရက်ဒရစ် သဂရစ်သည် ပရပ်ရှားဘုရင်ဖြစ်၏။ သူ့လက်အောက်တွင် ပရပ်ရှားနိုင်ငံမှာ ဥရောပအင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် တိုးတက်စည်ပင်လာခဲ့သည်။ လွတ်လပ်သော ဂျာမနီနိုင်ငံဖြစ်စေလိုသော သူ၏အိပ်မက်မှာ ရာစုနှစ်တစ်ခုကျော်သည့်တိုင်အောင် အမှန်တကယ်ဖြစ်လာခဲ့ခြင်း မရှိခဲ့ပေ။ ‘အသိအမြင်ကြွယ်ဝသော သက်ဦးဆံပိုင်ဘုရင်’ အဖြစ် ညွှန်းဆိုလေ့ရှိကြသည့် ဒုတိယမြောက်ဖရက်ဒရစ်သည် ဥပဒေရေးရာ၌ အရေးကြီးသော အပြောင်းအလဲတို့ကို ဖြစ်ပေါ်စေခဲ့၏။ ကုန်သွယ်ရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ပညာရေးကို အားပေးအားမြှောက်ပြုခဲ့သည်။ သူသည် အနုပညာနှင့် ဂီတကို ချစ်မြတ်နိုးသူလည်း ဖြစ်သည််။ သူကိုယ်၌မှာလည်း ပလွေအနုပညာရှင်တစ်ဦးဖြစ်ပြီး ပလွေဂီတနှင့် ပတ်သက်သည့် အနုပညာလက်ရာ အမြောက်အမြားကို ရေးသားခဲ့သည်။

၁၇၁၂၊ ဇန်နဝါရီလ၊ ၂၄ – ပထမမြောက် ဖရက်ဒရစ်ဝီလျံဘုရင်မှ ဖွားမြင်သည်။၁၇၄၀ – ပါရှားဘုရင်အဖြစ် သူ၏ဖခင်အား ဆက်ခံခဲ့သည်။၁၇၄၀-၄၈ – တောက်လျှောက်ဖြစ်ပွားနေသည့် ဩစတြီးရန်းစစ်ပွဲတွင် ပါဝင်ခဲ့သည်။၁၇၈၆၊ ဩဂုတ်လ၊ ၁၇ – သူကွယ်လွန်ပြီးနောက် ဖရက်ဒရစ်ဝီလ်ဟမ်က သူ့အား ဆက်ခံသည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline