သိသိသာသာ ဝိတ်ကျစေမယ့် နည်းတခုဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို အဓိကရှောင်တာ ဖြစ်လို့ Atkin Diet အမျိုးအစားထဲပါတယ်။ အစားအသောက်ကို စနစ်တကျရှောင်တဲ့နည်းဖြစ်ပြီး တပတ်အတွင်း ဝိတ်ချချင်သူတွေနဲ့ သင့်တော်တယ်။ ဒီနည်းမှာ ကစီဓာတ်များတဲ့ အစားအသောက်(သစ်သီး)ကို မနက်တကြိမ်သာ ထည့်စားပေးရတယ်။ ကျန်တဲ့ ထမင်း၊ဂျုံ စတာတွေ လုံးဝရှောင်ခိုင်းတယ်။ သို့သော် ပရိုတင်း အသားဓာတ် ထည့်စားနိုင်တယ်။ နေ့လည်စာနဲ့ ညစာမှာ အသားဓာတ်ပရိုတင်းသာ အားပြုစားရတယ်။ Atkin နည်းက အစားအသောက်ကို အလွန်အကျွံ ထိန်းသိမ်းတာဖြစ်လို့ ကာယလုပ်သားတွေနဲ့ မသင့်တော်ဘူး။ ကျန်တဲ့သူတွေတော့ လုပ်ကြည့်နိုင်ပါတယ်။
မနက်စာ
မနက်ပိုင်း အသီးတမျိုးတည်းစားပါ။ မိမိနှစ်သက်ရာ အသီးကို စားနိုင်တယ်။ ဘာ့ကြောင့်လဲဆ်ုတော့ အသီးမှာပါတဲ့ သကြားဓာတ်က မနက်ပိုင်းစားရင် တနေ့လုံးအတွက် အားအင်ဖြစ်ထွန်းစေလို့ ဖြစ်ပါတယ်။ ပန်းသီး နှစ်လုံး၊ လိမ္မော်သီး နှစ်လုံး၊ သစ်တော်သီးတလုံး၊ ဂရိတ်ဖရု တလုံး စားသင့်တယ်။ အခွံမာသီးထဲမှာ သစ်ကြားသီး(သို့)ဗာဒံစေ့ နှစ်လုံးစီ ထည့်စားနိုင်ပါတယ်။
နေ့လည်စာ
ပန်းကန်အရွယ်စား အရေးကြီးတယ်။ (၈)လက်မရှိတဲ့ ပန်းကန်ပြားနေရာမှာ (၆)လက်မရှိတဲ့ ပန်းကန်ပြောင်းစားပါ။ နေ့လည်စာ စားတဲ့အခါ လက်တဖဝါးစာ ပမာဏရှိတဲ့ အသားတချပ်ထည့်စားနိုင်တယ်။ နွားနို့ သို့ ဒိန်ချဉ် တခွက် ထည့်သောက်ပါ။ နောက်ပြီး ဟင်းသီးဟင်းရွက်ကြော်တမျိုးမျိုး ထည့်စားသင့်တယ်။ ထမင်း၊ ပေါင်မုန့်လို ကစီဓာတ်များတာတွေ မစားရပါ။နေ့လည်စာစားပြီး (၃) နာရီကြာတဲ့အခါ အစာပြေတခုခု ထည့်စားနိုင်ပါယ်။ အာလူးချောင်းကြော်၊ ချောကလက်၊ ဝေဖါ မဟုတ်ပါ။ အရွက်သုတ်(မိမိနှစ်သက်ရာ) တမျိုးမျိုးသာ ထည့်စားလို့ရတယ်။
ညစာ
ညစာကို ညနေ(၆)နာရီမတိုင်ခင် စားသင့်တယ်။ ကြက်ဥပြုတ် နှစ်လုံး၊ သခွားသီးသုတ်နဲ့ အရွက်ကြော် တမျိုးမျိုး ထည့်စားသင့်တယ်။ ပရိုတင်းဓာတ်ပါလို့ အစာခံပြီးဖြစ်နေမယ်။ မအိပ်ခင် မစားဖြစ်အောင် တတ်နိုင်သမျှ ထိန်းရမယ်။ ဒီနေရာမှာ စိတ်က အရေးကြီးလာတယ်။
ညစာစားပြီး အစားထပ် မစားသင့်တော့ဘူး။ အဆီလည်းကျ၊ ဗိုက်လည်းဝအောင် green tea(လက်ဖက်စိမ်းထုပ်) လေးထုပ်ကို ရေ တစ်လီတာနဲ့ ရောပြီး ဗိုက်ဆာတိုင်း သောက်နိုင်ပါတယ်။ green tea မှာ polyphenol, catechin ဓာတ်တွေ ကြွယ်ဝတယ်။ အစားစားချင်စိတ်ကို လျှော့နည်းစေတယ်။ ညစဉ်သောက်ခြင်းဖြင့် ဝိတ်ချရာမှာ အထောက်ကူပြုတယ်။ အစားအသောက်ကို စနစ်တကျ ထိန်းတဲ့နည်းဖြစ်လို့ ဝိတ်ကျဖို့တော့ သေချာတယ်။
ဒေါက်တာ အေးမင်းထူး