ဘဝနေနည်း

တန်ဖိုးရှိသော မှတ်စုများ

By HapEye.net

June 11, 2020

သင်ဟာ တစ်နှစ်တာအတွက် စီစဉ်တယ်ဆိုရင် စပါးစိုက်ပါ။ဆယ်စုနှစ်အတွက် စီစဉ်တယ်ဆိုရင် သစ်ပင်စိုက်ပါ။သင့်ဘဝတစ်လျှောက်လုံးစာ အတွက်ဆိုရင် လူတွေကို ပညာသင်ပေးပါ။ဘဝမှာကောင်းတဲ့ အရာတွေကို လိုချင်တယ်ဆိုရင် အချိန်တွေအများကြီး ပေးဆပ်ရပါတယ်။ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်ကို အနိုင်ယူဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။ဘဝမှာ အောင်မြင်ဖို့ဆိုရင် ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်တယ်ဆိုတာ ယုံကြည်မှုရှိရပါမယ်။သင်ပြောင်းလဲလို့ မရတဲ့ လူတွေ၊ အရာတွေကြောင့် ဘယ်တော့မှ ဝမ်းနည်းမဖြစ်ပါနဲ့။ အဲဒီအစား လျစ်လျူရှုလိုက်ပါ။သင်လုပ်နိုင်တဲ့ အရာတွေပေါ်မှာပဲ သေချာအာရုံစိုက်ပါ။ တိုးတက်အောင် ကြိုးစားပါ။ သင်အမြဲ ပျော်ရွှင်နေမှာ အသေအချာပါပဲ။အခုပဲ လုပ်လိုက်ပါ။ တစ်ခါတစ်လေမှာ နောက်မှ လုပ်မယ့်အရာတွေက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်လို့ပါပဲ။အောင်မြင်ဖို့အတွက် အလုပ်လုပ်တယ်ဆိုင် သင်ဟာ ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ဖြစ်လာမှာပါ။ ဝါသနာအရ စိတ်ကျေနပ်ဖို့ လုပ်ဆောင်တယ်ဆိုရင် သင်ဟာ အန္တရာယ် ဖြစ်လာမှာပါ။အောင်မြင်မှုဆိုတာ သင်ဘယ်လောက် စိတ်ကူးရင်နိုင်လဲ ဆိုတာနဲ့ မတိုင်းတာပါဘူး။ သင်ဘယ်လောက် လုပ်ဆောင်နိုင်လဲဆိုတဲ့ အချက်နဲ့ တိုင်းတာပါတယ်။သင့်ရဲ့အားနည်းချက်တွေကို မျှဝေတဲ့သူတွေကို သတိထားပါ။ တစ်ချို့သူတွေက သင့်ကို တိုက်ခိုက်ချင်လာရင် အဲ့ဒီ အချက်တွေကို အသုံးချတတ်လို့ပါပဲ။လူတွေက သင့်နောက်ကွယ်မှာ သင့်အကြောင်းဘာပြောမလဲ ဆိုတာနဲ့ ပတ်သက်ပြီး တွေးမပူပါနဲ့။အမြဲပြုံးပါ။ လူတိုင်းကို အကောင်းမြင်ပါ။ ဘာလို့လဲဆိုတော့ သင်ဟာ လူတိုင်းကို ပျော်အောင် လုပ်နိုင်တယ်ဆိုရင် သင်ဘယ်တော့မှ အရှုံးသမားဖြစ်လာမှာ မဟုတ်လို့ပါဘဲ။လောကမှာ ဘဝဆိုတဲ့အရာအထက် ပိုကောင်းတဲ့အရာဆိုတာ မရှိပါဘူး။ သင်ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ကြိုးစားပါ။ သင်အတွေ့အကြုံရမှာတော့ အသေအချာပါပဲ။ယနေ့ဆိုတာ သင်မနေ့က တွေးပူခဲ့တဲ့ မနက်ဖြန်ဆိုတာ သတိရပါ။တစ်စုံတစ်ယောက်က သင့်ကို အခွင့်အရေးတွေပေးလာရင် သင်မသေချာတဲ့ အရာပင်ဖြစ်ပါစေ။ ခေါင်းညိမ့်လိုက်ပါ၊ နောက်မှ ဘယ်လို လုပ်ဆောင်သလဲဆိုတာ သင်ယူပါ။

အမှားတွေဆိုတာ သင်ကြိုးစားနေတယ် ဆိုတဲ့ သက်သေတွေပါပဲ။သင့်ရဲ့ အကောင်းဆုံး အရာကတော့ သင့်ရဲ့နောက်ဆုံးအမှားပါပဲ။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။