ဘဝနေနည်း

တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပက်သက်၍ လက်ဆေးခြင်းပြဿနာများ။

By HapEye.net

May 31, 2020

က။     လက်ဆေးနည်းပြဿနာ။*        လက်ကို ရေဇလုံထဲရှိ ရေတွင် နှိုက်၍ အလွယ်ဆေးတတ်ကြခြင်း။*        အလှူအိမ်များ၌ လူအယောက် (၂၀)မှ (၃၀)ခန့် ဇလုံထဲ လက်နှိုက်ဆေးပြီးမှ ရေသစ်လဲလှယ်ပေးခြင်း။*        လက်ကို ရေအလုံအလောက် ဆေးသည့် အလေ့အထ အလွန်နည်းပါးခြင်း။

ခ။     လက်ဆေးရန်အချိန်။*       အချို့က အိမ်သာမှအထွက် လက်ဆေးလေ့မရှိပါ။*       အစာမစားမီ ဆပ်ပြာနှင့်မဆေးဘဲ၊ စားပြီးမှသာလျှင် ဆပ်ပြာနှင့်ဆေးတတ်ကြသည်။*       အစားအစာမပြုပြင်မီ၊ ထမင်းစားဖို့ မပြင်ဆင်မီ လက်ဆေးလေ့မရှိကြပါ။*       မမြင်နိုင်သော အညစ်အကြေးများ (ဥပမာ-ပိုးသတ်ဆေးများ၊ ပုံးများ) ထိမိ၊ ကိုင်မိပြီး လက်ဆေးရန် မေ့တတ်ကြပါသည်။*       ဆေးရုံ၊ ဆေးခန်း၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်လာလျှင် လက်ဆေးသင့်ကြောင်း သတိမူမိကြပါ။

ဂ။     လက်ဆေးရန်ပစ္စည်း။*       အချို့က ဆပ်ပြာအစား၊ ပြာရည်၊ တရော် စသည်များကို သုံးနိုင်ကြောင်း သတိမမူမိကြပါ။*       အချို့က ဆပ်ပြာနှင့် လက်ဆေးရကောင်းမှန်း မသိကြပါ။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။