စီးပွားရေး

တခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်ရေးအတွက်

By HapEye.net

February 28, 2020

တခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်ရေးအတွက် ~~~~ ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဈေးတန်ဖို့လိုတယ်။ ဒီအတွက် တီထွင် ကြံဆတတ်ဖို့ လိုတယ်ဆိုတာ Amazon.com က သဘောပေါက်ထားတယ်။    ဘယ်လိုသတင်းအချက်အလက်တွေ ရထားတယ်ဆိုတာထက် အဲဒီ ရထားတဲ့ သတင်းအချက်အလက်တွေကို ပြိုင်ဘက်တွေထက်သာအောင် ဘယ်လိုအသုံးချမလဲဆိုတာက ပိုအရေးကြီးတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်ဝင် စားစရာကောင်းတာက လက်လီဖြန့်ချိရေးလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ တခြား ကုမ္ပဏီအများအပြားဟာ Amazon.com ရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လိုက်လုပ်နေကြပြီဆိုတဲ့ အချက်ဖြစ်တယ်။ Apple ရဲ့ ( iTunes ) နဲ့ ( iStore ) တို့ဟာ Amazon.com က အခုလို စာအုပ်ရောင်းတဲ့ နည်းတွေအတိုင်း တေးဂီတတွေကို ရောင်းချနေပြီဖြစ်တယ်။

လက်တွေ့ဆောင်ရန်     ဖောက်သည်တိုင်းကို သီးသန့်ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဆက်ဆံပါ။ ဥပမာ အားဖြင့် တေးဂီတလက်လီဖြန့်ချိရောင်းချတဲ့ ( iTunes) ဟာ လူတစ်ဦးချင်း ဘယ်လိုတေးဂီတမျိုးကို ဝယ်တတ်တယ်ဆိုတာ သိအောင်လုပ်တယ်။ သတင်းအချက်အလက်တွေကို အခြေခံပြီး တစ်ဦးချင်းကြိုက်တတ်တဲ့ တေးဂီတတွေကို ဝက်ဘ်ဆိုက်တွေမှာ တင်ပေးတယ်။    ဖောက်သည်တွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ရအောင် ယူရသလို မိမိတို့ရဲ့ သတင်းအချက်အလက်တွေကို ဖောက်သည်တွေသိအောင် အင်တာနက်ကို အသုံးချပါ။ မိမိလုပ်ငန်းအတွက် အင်တာနက်ကို အဓိကအသုံးချလေ့မရှိသည့်တိုင် ခုလိုအသုံးချပေးသင့်ပါတယ်။    စီးပွားရေးလုပ်ငန်းငယ်တွေနဲ့ အမြဲတမ်းဝန်ထမ်းမဟုတ်တဲ့ ဝန်ထမ်းတွေဟာ ဖောက်သည်တစ်ဦးချင်းစီရဲ့ သတင်းအချက်အလက် ပိုပြီးအတွင်းကျကျ စုံစုံလင်လင်စုဆောင်းပေးနိုင်တယ်။ ဒါကြောင့် ဒီလူတွေရထားတဲ့ သတင်းအချက်အလက်တွေကို လိုအပ်ရင် အသင့်သုံးနိုင်အောင် ခေါင်းစဉ်ခွဲ တွေ ခွဲပြီး ကွန်ပျူတာထဲ ထည့်ထားသင့်တယ်။    အချက်အလက်တွေကို အဆက်အစပ်ရှိရှိ စုဆောင်းခြင်းမပြုနိုင်ရင် ဖောက်သည်တွေကိုယ်တိုင် စေတနာနဲ့ လာပြောတာတွေအတွက် သူတို့ကို ကုန်ပစ္စည်းလက်ဆောင်ပေးပါ။ မိမိတို့ ကုမ္ပဏီအကြောင်းပြောတာကို နားထောင်မှတ်သားသူများကိုလည်း ထိုက်တန်သလို ကျေးဇူးတုံ့ပြန်ပေးပါ။ မိမိကုန်ပစ္စည်းအကြောင်းပြောရာမှာလည်း စိတ်ဝင်စားစရာကောင်းအောင် အဆီအငေါ် တည့်တည့် ရွှင်ရွှင်လန်းလန်းပြောဖို့ လိုပါတယ်။

လူ ၁၅၀ အောက်က အကောင်းဆုံး    လုပ်ငန်းငှာနတစ်ခုအတွင်း အတူတူလုပ်ကိုင်နေကြတဲ့ သူတွေဟာ တစ်ဦးနဲ့တစ်ဦး မိတ်ဆွေဖွဲ့ရတာ၊ ပူးပေါင်းဆောင်ရွက်ရတာ၊ ဒါတွေအပြင် တီထွင်ကြံဆရတာနဲ့ အသိပညာမျှဝေတယ်ဆိုတဲ့ ဆက်စပ်လုပ်ငန်းတွေကို ဆောင်ရွက်ကြရာမှာ လူအုပ်စုအနေနဲ့ အဖွဲ့ဝင်ဦးရေ ၁၅၀ အောက်ဆိုရင် ပိုပြီး လွယ်လွယ်ကူကူ ဆောင်ရွက်အောင်မြင်နိုင်တယ်။ ဒါကြောင့် ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားတဲ့ ကော်ပိုရေးရှင်းတွေမှာ လူနည်းနည်းပဲပါတဲ့ လုပ်ငန်းအုပ်စုလေးတွေ ဖွဲ့ထားနိုင်တဲ့အတွက် အဖွဲ့ဝင်အချင်းချင်း ရင်းနှီးမှု ပိုရပြီး စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးပီပီပြင်ပြင် သွက်သွက်လက်လက် လုပ် နိုင်ကြတယ်။

အယူအဆ    ပူးပေါင်းညှိနှိုင်းဆောင်ရွက်တာရဲ့ အကျိုးကျေးဇူးကို နားလည်သဘောပေါက်ပြီး လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ စိတ်ဝင်စားစရာ နမူနာကောင်း ကုမ္ပဏီကတော့ Gore Associates ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးလုပ်ကိုင်တဲ့ အဆင့်မြင့် နည်းပညာဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီက Gore-Tex Fabricလို့ခေါ်တဲ့ ရေစိုခံပစ္စည်းတွကိုထုတ်လုပ်ရုံသာမက Semiconductor နဲ့ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်တယ်။    ဒီကုမ္ပဏီက အထက်ကပြောခဲ့တဲ့ ” လူ ၁၅၀ အောက် ” ဆိုတဲ့ မူ အတိုင်း လုပ်ကိုင်တယ်။ လူအုပ်စုတစ်စုမှာ အဖွဲ့ဝင်ဦးရေ ၁၅၀ ထက်ကျော် လာရင် ဘယ်သူ့စကားနားထောင်ရမလဲဆိုတဲ့ ကိစ္စတွေ ရှုပ်လာပါတယ်။ စည်းမျည်းစည်းကမ်းတွေ ချမှတ်လာရ၊ အရေးယူလာရတာတွေ ဖြစ်လာ တယ်။ ၁၅၀ အောက်ဆိုရင်တော့ သိပ်ပြီးရုံးဆန်ဆန်မလိုဘဲ အလုပ်တွင် သွားနိုင်တယ်။ ဒါကြောင့် ဒီကုမ္ပဏီက ခုလိုဆောင်ရွက်တာဖြစ်တယ်။    ဒီကုမ္ပဏီဟာ ဝန်ထမ်းတွေ ထောင်နဲ့ချီရှိတဲ့ ကုမ္ပဏီဖြစ်ပေမယ့် သူရဲ့ ရုံးတစ်ရုံးစီမှာ လူ ၁၅၀ အောက်ပဲထားတယ်။ ဒီတော့ ဝန်ထမ်းတွေဟာ အချင်းချင်း နီးနီးကပ်ကပ်ဆက်ဆံခွင့်ရပြီး ကောင်းကောင်းပူးပေါင်း ဆောင်ရွက်နိုင်သလို လုပ်ငန်းတွေသွက်လက်ပြီး ဝန်ထမ်းထွက်သွားတာ၊ ဝင်လာတာလည်း ဒီလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး ပျှမ်းမျှနှုန်းရဲ့ သုံးပုံတစ်ပုံပဲ ရှိတယ်။ ၃၅ နှစ်ကျော်ကျော် လုပ်ငန်းတိုးတက်နှုန်းနဲ့ အမြတ်အစွန်းတွေကို လည်း ထိန်းထားနိုင်ခဲ့တယ်။

လက်တွေ့လုပ်ဆောင်ရန်–    စုစုပေါင်းဝန်ထမ်းဦးရေကို လူ ၁၅၀ အောက်ဦးရေနဲ့ အုပ်စုလေးတွေ ဖွဲ့ပါ။–    ဒီအုပ်စုအချင်းချင်း ညှိနှိုင်းမှုရှိရဲ့လား၊ လုပ်ငန်းထိရောက်မှုရှိရဲ့လားဆို တာ ကြီးကြပ်ဖို့ စနစ်တစ်ရပ် ဖွဲ့စည်းပါ။–    အုပ်စုအချင်းချင်း ပူးပေါင်းဆောင်ရွက်အောင် အားပေးပါ။–    အုပ်စုအချင်းချင်း ပြိုင်ဆိုင်ဖို့မဟုတ်ဘဲ ကုမ္ပဏီလုပ်ငန်းကြီးတစ်ခုလုံး အတွက် ပူးပေါင်းဆောင်ရွက်အောင် အားပေးပါ။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက်များမှ ကူးယူးဖော်ပြသည်။

စီးပွားရေး

# Open More Online