သုတ

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ဆုံးမဩဝါရများ

By Hnin Oo Wai

September 17, 2020

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ဆုံးမဩဝါရများတွင်

၁။ ခေတ်မှီရမယ်။ ခေတ်မဆန်ပါစေနှင့်။

၂။ ရဲရင့်ရမယ်။ မရဲတင်းပါစေနှင့်။

၃။ လှပအောင် ဝတ်စားပြင်ဆင်ရမယ်။ ယဉ်ကျေးမှုနဲ့ မဆန့်ကျင်ပါစေနှင့်။

၄။ ခြိုးခြံချွေတာရမယ်။ ကပ်စေးမနဲပါစေနှင့်။

၅။ တော်အောင်ကြိုးစားရမယ်။ မတရားနည်းနဲ့ မပြိုင်မိပါစေနှင့်။

၆။ ကောင်းတာတွေ အတုယူရမယ်။ ထိခိုက်အောင် မဝေဖန်မိပါစေနှင့်။

၇။ သည်းခံခွင့်လွှတ်ရမယ်။ လူညံ့ မဖြစ်ပါစေနှင့်။

၈။ ကျိုးနွံစွာနေတတ်ရမယ်။ အစေအပါး မဖြစ်ပါစေနှင့်။

၉။ နေတတ်ထိုင်တတ်ရမယ်။ ဟန်မဆောင်မိပါစေနှင့်။

၁၀။ မိသားစုကို ချစ်ရမယ်။ ပတ်ဝန်းကျင်ကို လစ်လျူမရှုမိပါစေနှင့်။

၁၁။ သတ္တိရှိရှိ နေတတ်ရမယ်။ လူမိုက်မဖြစ်ပါစေနှင့်။

အတွေးအခေါ်စာစုလေးများ မှကောက်နှုတ်ထားပါသည်။

OpenYourBusinessOnline

ဘဝနေနည်း