သမိုင်း

ဆိုင်ရပ်စ်သဂရိတ် (၅၉၉ဘီစီခန့် – ၅၂၉ဘီစီခန့်)

By Hnin Oo Wai

August 06, 2020

ဆိုင်ရပ်စ်သဂရိတ် သည် ပါရှားဘုရင်ဖြစ်ပြီး ကျယ်ပြောလှသော ပါရှားအင်ပါယာအား တည်ထောင်ခဲ့သူဖြစ်သည်။ ၅၅၀ဘီစီတွင် မီဒီယန်အုပ်ချုပ်သူတို့ကို အနိုင်ရခဲ့ပြီး အက်ဘာတာနာကို သိမ်းပိုက်ခဲ့သည်။ နောက်ပိုင်းတွင် ပါရှားအင်ပါယာအား ကမ္ဘာပေါ်၌ အင်အားအကြီးမားဆုံးအင်ပါယာအဖြစ် ထူထောင်သည့်အနေဖြင့် သူ၏ အာဏာစက်ကို လိုင်ဒီယာနှင့် ဘေဘီလုံအထိ ချဲ့ထွင်ခဲ့သည်။ ဆိုင်ရပ်စ်သည် သူ၏လူထုအပေါ် စေတနာကောင်းဖြင့် ပေးကမ်းစွန့်ကြဲတတ်ခြင်းကြောင့် လူအများက နှစ်သက်သဘောကျခြင်းကို ခံခဲ့ရသူဖြစ်သည်။

၅၉၉ဘီစီ – အန်ရှန်ကို အုပ်ချူပ်သူ ကင်မ်ဘိုင်ဆက်စ်မှမွေးဖွားသည်။၅၅၉ဘီစီ – ဖခင်၏ထီးနန်းကို သိမ်းပိုက်ရယူသည်။၅၅၀ဘီစီ – မီဒီယန်တို့၏ နောက်ဆုံး အုပ်ချုပ်သူ အက်စ်ထ်ယာဂတ်စ်ကို အနိုင်ရသည််။၅၄၆ဘီစီ – ပါရှားဘုရင်ဖြစ်လာပြီး လိုင်ဒီယာကို သိမ်းပိုက်သည်။၅၃၈ဘီစီ – ဘေဘီလုံကိုသိမ်းပိုက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြသည်။